အပိုင်း[၁၀]

6.1K 623 17
                                    


Unicode...

"သားရေ...
ဒီကို..ခဏ...မိတ်ဆက်ပေးချင်လို့..."

ပါးပါးရဲ့ဇနီးက သားချင်းထပ်နေတဲ့...
ရွှန်းရွှန်းဝေမှုတွေကြားမှာ..
ရီရှင်း....အသက်အောင့်ပြုံးနေရသည်။

ပါးပါး..ယောက္ခမမွေးနေ့ဆိုတဲ့..
ညစာ စားပွဲကိုရောက်နေခြင်းဖြစ်သည်။
ညနေအစောတည်းကကျောင်းမှာလာကြိုကာ
အဝတ်အစားဆိုင်တွေ ဆံပင်ညှပ်ဆိုင်တွေပါရောက်ခဲ့ရသည်။

ပါးပါးဇနီးသည်အဒေါ် ဟန်မီယောင်းကပုံမှန်တိုင်းဆို
ရီရှင်း အဖက်လုပ်လေ့မရှိပေမယ့်..
ခုလို လူရှေ့ဆိုရင်..သိပ်အကဲပိုပြတတ်ကြောင်း
ရီရှင်းရဲ့တစ်နှစ်တာ အတွေ့အကြုံအရ နောကျေနေပြီ။

"သားလေးက လူချောလေးပဲ...
ကောင်မလေးတွေတော့..ဝိုင်းနေမှာပဲ..."

"ကျေးဇူးပါခင်ဗျ.."

လူတွေကိုအလိုက်အထိုက်ဆက်ဆံပြုံးပြရတဲ့အပေါ်..ရီရှင်းပင်ပန်းတယ်လို့မတွေးမိပါ....
ဒါပေမယ့်....ခုလို လူတွေကြားထဲမှာရပ်နေပြီး...
လွှင့်....လွှင့်ထွက်နေတဲ့ စိတ်ကို ဖမ်းရတာ
အတော်ခက်သည်။
သူ့စိတ်သည်...ဂင်ဂျွန်မြောင်နဲ့တစ်မီတာပတ်လည်
အတွင်း၌သာ အာရုံစိုက်အား..ကောင်းပုံရသည်။

"သား...ခဏ...
ဒီမှာ...သားဒေါ်လေးနဲ့မိတ်ဆက်ပေးလို့..."

ဂျွန်မြောင့်အကြောင်းတွေးနေတုန်း...
ခေါ်သံကြားလိုက်တော့မှ..စိတ်နဲ့လူနဲ့ပြန်ကပ်သည်။

"ဟုတ်ကဲ့...လာပြီ
...အ....မေ.."

"ဒါ....သားဒေါ်လေးလေ...မေမေ့ညီမ...
ဒီညနေမှ....USကပြန်ရောက်တာ
ဒေါ်လေး...ဟန်နာယောင်း....တဲ့
အိမ်မှာတော့အငယ်ဆုံးပေါ့...
ကဲ...နှုတ်ဆက်လိုက်ဦး..."

ဟန်မိသားစုမှာ သမီးလေးယောက်ရှိသည်ဟု
ရီရှင်းကြားထားရာ ခုမိတ်ဆက်ပေးသည့် ဒေါ်လေးနာယောင်းက အငယ်ဆုံးဖြစ်မည်။
အတော်လေးငယ်ဦးမည့်ပုံ
နှုတ်ခမ်းနီရဲရဲ စိန်နားဆွဲနဲ့ ဆွဲဆောင်မှုရှိရှိလှနေသည်။
ညီအစ်မတွေအကုန်လုံးက လှကြပေမယ့်
တစ်ယောက်နဲ့တစ်ယောက်..မချစ်ကြမှန်းတော့
သိသာလှသည်။

"မင်္ဂလာပါခင်ဗျ...ကျွန်တော်ကျန်းရီရှင်းပါ.."

"မင်္ဂလာပါကွယ်....
တို့အစ်မတို့များသွက်လိုက်တာ...မေမေတွေတောင်
ဖြစ်နေပြီ...ဟင်းဟင်း...
ကောင်းပါတယ်...ဒီလိုအဆင်ပြေကြတာ..
ဆေးရုံခဏခဏသွားနေပြီးကလေးမရနိုင်တာကနေ
ခုလိုမျိုး...အရွယ်ရောက်ပြီးသား...သားတစ်ယောက်
ဗြုန်းဆိုရောက်လာတော့..ထီပေါက်သလို
ပျော်နေမှာပေါ့..."

Who Loves More?[Season One]Where stories live. Discover now