အပိုင်း[၁၇]

5K 568 45
                                    

Unicode

"သခင်လေးနဲ့ ...ကျွန်တော်တို့ဂျွန်မြောင်နဲ့..မေတ္တာမျှနေတယ်ဆို.."

မေးလာမှာတော့ဖြေလိုက်ရုံအပြင်..မရှိ
ကြုံလာသမျှကို ရင်ဆိုင်မယ်ဆုံးဖြတ်ပြီးပြီ..ခုက
ပထမဆုံး..ဖြတ်ကျော်ရမယ့်တံခါးပေါက်..
နောက်မှာ ဒီမျှမကသော အခက်အခဲတွေက စောင့်ကြိုနေဦးမှာ...

"ဟုတ်ကဲ့...ကျွန်တော်တို့ ချစ်သူတွေဖြစ်နေပါတယ်.."

ရီရှင်းတည်ငြိမ်အောင် ထိန်းပြီးဖြေလိုက်သည်။ဦးလေးဆူဝမ်က..အကုန်သိပြီး သေသေချာချာ ဆုံးဖြတ်ပြီးမှ လာခဲ့ပုံရသည်။သူ့ကို သခင်လေး လို့သာခေါ်နေပေမယ့်..ဦးလေးရဲ့ အကြည့်တွေကတော့ စူးရဲရဲရှိလှသည်။
ဦးလေး ဘယ်အတိုင်းအတာထိသိထားလဲဆိုတာရီရှင်းသိချင်သည်။သူတို့နှစ်ယောက်ရဲ့ရင်သွေးလေးကိစ္စထိတော့ သိတဲ့ပုံမပေါ်ပါ။
တစ်ယောက်တည်းရှိတဲ့သားက ကိုယ်ဝန်ဆောင်ထားရတာကို..သိရင်..ဦးလေးဆူဝမ်ဒီလိုထိုင်နေနိုင်မယ်လို့ ရီရှင်းမထင်ပါ။

"ကျွန်တော်တို့ကို ခွင့်ပြုပေးပါ..ဦးလေး..
ကျွန်တော်ဂျွန်မြောင့်ကို စောင့်ရှောက်မှာပါ..."

"သခင်ကြီးသိသွားရင်တောင်...ကာကွယ်နိုင်မယ်ပေါ့.
အဲ့လိုလား...သခင်လေး.."

ဖြေစရာအဖြေမရှိတဲ့ သူ့ကို ဦးလေးက ဖိပြောလာသည်။

"သခင်ကြီးက သူ့သားကို ဒုက္ခရောက်အောင်လုပ်မှာမဟုတ်ဘူး...ကျွန်တော့်သားပဲ..ဒုက္ခရောက်မှာ....ခုချိန်မှာရပ်တန်းကမရပ်ရင်...
ဘဝပျက်မှာ..ကျွန်တော့်သားပါ..."

ဒါတွေကို သူလည်းနားလည်ပါသည်။ဒါပေမယ့်...
ဒီအတိုင်းတောင်..ဂျွန်မြောင့်ကို လမ်းခွဲမပေးနိုင်တာ...ခုလိုကလေးပါရှိနေတဲ့ အချိန်မှာ လမ်းခွဲဖို့ဆိုတာ...တွေးတောင်တွေးမထားတဲ့အရာမို့
ခေါင်းမာမာနဲ့ တင်းခံရမည်။

"ကျွန်တော်..ဂျွန်မြောင့်ကို လက်မလွှတ်နိုင်ပါဘူး...
ဂျွန်မြောင့်ဘက်ကလည်း...အဲ့အတိုင်းပဲလို့ကျွန်တော်ပြောရဲပါတယ်.."

"ဂျွန်မြောင့်ကို ဒုက္ခတွင်းထဲ သခင်လေးက တွန်းပို့နေတာလား..."

Who Loves More?[Season One]Where stories live. Discover now