အပိုင်း[၂၁]

4.9K 561 104
                                    


Unicode....

Warning : 🔞

ဂျွန်မြောင်...တရေးနိုးလာပြီး...
ပြန်အိပ်ဖို့ ကြိုးစားပေမယ့် မရ...
အတွေးပေါင်းစုံက နှိပ်စက်တာမို့...
ကြိုးစားအိပ်ပေမယ့်လည်း..ပြန်အိပ်မပျော်ပါ။
ဘေးနားက ရီရှင်းကိုကြည့်လိုက်တော့.. ..အိပ်နေလိုက်တာသိုးလို့...
ရှင်းရဲ့ အကျင့်က...ညအိပ်ရင်.. အကျႌ
မဝတ်တတ်သူမို့.. ဝင်းနေတဲ့ လက်မောင်းသားတွေကို
အထင်သားမြင်နေရသည်။

"ဘာတွေ အိမ်မက်မက်နေတာလဲ...
ပြုံးလို့..."

ရီရှင်း နိုးသွားမှာ စိုးတာနဲ့ ဂျွန်မြောင် နှုတ်ခမ်းလှုပ်ရုံလေး..ရေရွတ်မိသည်။
ပြုံးတုံ့တုံ့ ဖြစ်နေတဲ့ ရီရှင်းမျက်နှာကို...
လက်ညှိုးလေးနဲ့ ဖွဖွတို့လိုက်သည်။
ရှင်းလည်း..အလုပ်တစ်ဖက်ကျောင်းတစ်ဖက်နဲ့မို့..
ပင်ပန်းရှာမည်။

"အိမ်မက်ထဲမှာ ငါတို့ထီပေါက်နေတာလား..
အဲ့ဒါကြောင့် မင်း ပြုံးနေတာလား..."

အိမ်မက်ကမ္ဘာထဲမျောနေပုံရတဲ့...ရှင်းကတော့
ပြန်မဖြေနိုင်ပါ။
ဒီယောက်ျားနဲ့ ဆယ့်ခြောက်နှစ်မှာစတွေ့တယ်။
ဆယ့်ခုနှစ်လောက်ကျ ရည်းစားဖြစ်တယ်။
ဆယ့်ရှစ်ကျော်တော့ ဗိုက်ကြီးတယ်။
စိတ်ညစ်ရတဲ့ ကြားထဲကဂျွန်မြောင် ရယ်ချင်မိသည်။
ဘယ်လိုကံကို အရဲကိုးပြီး ဒီလမ်းကိုလျှောက်မိတယ် မသိပါ။
ဆယ့်ကိုးနှစ်အရွယ် မှာ.. တခြားလူငယ်တွေ
ဘာတွေလုပ်နေကြမလဲ လို့တွေးမိတိုင်း..
အဖေ့ကို အားနာမိသည်။
အဖေက သူ့အတွက် နှမျောပြီး နာကျင်ဝမ်းနည်းနေရမှာ ကျိန်းသေသည်။
ကျောင်းဆက်မတက်ဖြစ်ကြောင်းနဲ့
သားလေး...မွေးတဲ့အကြောင်းသာ သိသွားရင်
အဖေ ဘယ်လိုခံစားရမလဲဆိုတာ တွေးဆလို့တောင်မရ။

သားလေးကြီးလာလို့ အိမ်ထောင်ကျရင်ရော..
သူဘယ်လို ခံစားရမလဲလို့တွေးကြည့်မိသည်။
သားလေးက..ချစ်တဲ့လူကို ရွေးချယ်နိုင်ရမည်။
သားက လူကောင်းတစ်ယောက်ကို ရွေးနိုင်ရင်
ဂျွန်မြောင်ကျေနပ်ပြီ။
ယောက်ျားလေးကိုရွေးချယ်သည်ဖြစ်စေ..
မိန်းကလေးကိုရွေးချယ်သည်ဖြစ်စေ...သစ္စာရှိတဲ့..
လူကောင်းသူကောင်း.ဆို...သူကျေကျေနပ်နပ်ကြီး.လက်ခံပေးနိုင်သည်။
သူ့အတွေးတွေကိုသာ..ရှင်းသိရင်..
မင့်သားက ခုမှငယ်ငယ်လေးလို့ပြောကာ..
ရယ်နေမှာ ကျိန်းသေသည်။

Who Loves More?[Season One]Where stories live. Discover now