အပိုင်း[၂၀]

5.1K 662 57
                                    

Unicode...




မြို့ထဲက အချိန်ပိုင်းအလုပ်တော်တော်များများကို
ရီရှင်းစုံစမ်းကြည့်ပေမယ့် အဆင်ပြေတာ သိပ်မတွေ့လှ..။
ကျောင်းချိန်နဲ့ ကွက်တိတိုက်နေတာမျိုးနဲ့
အိမ်ပြန်နောက်ကျမှာမျိုးတွေချည်းတွေ့နေရ
တော့ ရီရှင်းစိတ်ဓာတ်ကျချင်လာသည်။
အချိန်ကလည်းထပ်မရတော့တာနဲ့ကျောင်းကို
ပြန်ပြေးရတော့သည်။

အရင်က စုထားတဲ့မုန့်ဖိုးတွေကလည်းမနည်း
လှတော့ အဲဒါတွေနဲ့ကျောင်းစရိတ်ကိုဖြေရှင်း
နိုင်ရင်တောင် သားအတွက်စရိတ်ကလိုသေးသည်။
ပြီးတော့..သူ ဂျွန်မြောင့်ကို ကျောင်းထားပေးချင်သည်။
ဂျွန်မြောင့်ကိုသာကျောင်းမထားပေးနိုင်ရင်
သူ့လောက် အသုံးမကျတဲ့လူရှိတော့မှာ မဟုတ်။
ပိုင်ဆိုင်တာဆိုလို့ မိဘနဲ့ပညာရေးသာရှိတဲ့
ဂျွန်မြောင့်က သူ့အတွက် အကုန်လုံးကို စွန့်လွှတ်ခဲ့ရသည်။
ဂျွန်မြောင်က..တက္ကသိုလ်ကောင်းကောင်းဝင်နိုင်ဖို့ စာ ဘယ်လောက်ကြိုးစားခဲ့တယ်ဆိုတာ
သူအသိဆုံး ...။
ချစ်ရသူရဲ့ အိမ်မက်တွေဖြစ်လာအောင် မပံ့ပိုးပေးနိုင်တဲ့ အပြင်...ခုဆို ရီရှင်းကြောင့်
နှောင့်နှေးသွားရပြီ။
ဖျက်စီးမိတဲ့အထိ ဖြစ်မသွားရအောင်...
သူ ဂျွန်မြောင့်ကို ကျောင်းထားပေးနိုင်ဖို့လို
သည်။

မနေ့က အိမ်ပြန်နောက်ကျထားတာမို့..
ဒီနေ့တော့ ရီရှင်းစောစောပြန်ဖြစ်သည်။
တစ်ခါတလေမို့ ယောက်ျားက
ဘာမှမပြောပေမယ့် ...နေ့တိုင်း
နောက်ကျလာရင်တော့ သူ့ကို ထိုးလိမ့်မည်။
္ကဂျွန်မြောင်မှာလိုက်တဲ့...
အိမ်သုံးဆေးနဲ့တခြားပစ္စည်းလေးတွေ
ဝင်ဝယ်ပြီး mini martကနေ အိမ်ထိ
လမ်းလျှောက်ပြန်လာရင်း....ရီရှင်းတစ်ခုတွေးမိသည်။
မနက်ဖြစ်ဖြစ် သူတို့မိသားစုလိုက်လေး...အပြင်ထွက်လည်ရရင်
ကောင်းမည်။
သားကိုကိုယ်ဝန်ဆောင်ချိန်တုန်းကလည်း...ဂျွန်မြောင့်ကို
လူသိခံလို့မဖြစ်တာနဲ့ သူတို့ဘယ်မှ မသွားဖြစ်ကြ။
မွေးပြီးစမှာလည်း အလုပ်တွေရှုပ်နေကြတာနဲ့
လမ်းလျှောက်လေးတောင်မထွက်ဖြစ်။

"ဟုတ်တယ်...ငါတို့မိသားစု လေညှင်းခံထွက်ပြီး..
စားကောင်းတာလေးတွေ ဝယ်စားကြမယ်..."

Who Loves More?[Season One]Where stories live. Discover now