ပြိုင်ဘက်....(အပိုင်း-၁၀)
================ဧဒင် ပါးပြင်ပေါ်မျက်ရည်ပူများကျဆင်းလျက်ရှိသည်။ရင်ထဲမှာလဲပူလောင်လို့နေသည်။သီဟမရှိတော့ရင် ဟူသောအတွေးတွေကခြောက်လှန့်၍နေသည်။ချန်ရစ်ထားခဲ့တယ်ဆိုပေမဲ့...နာကျင်စွာအတိတ်ကိုမေ့ထားရတဲ့ဘဝ....။ခုကဘဝထဲကပါထွက်သွားပြီဟုတွေးထင်၍ ထိတ်လန့်ကြောက်ရွံ့မိသည်။
ဧဒင် ရင်ထဲမှာစို့တက်လာကာ သီဟကိုအသံကုန်ခေါ်သည်။
"သီဟရေ.......သီဟ..."
ဧဒင်အသံသည်ခြောက်သွေ့ကွဲရှလျဝမ်းနည်းပူဆွေးမှုအသံများပါရောနေသည်။
"သီဟဟီး....မင်းကိုငါထားခဲ့လို့...ခုမင်းငါ့ကိုပြန်ထားခဲ့တာလား....ဟီး...သီ....."
"ဗွမ်း....ဟူး...ဟူး..ဟောဟဲ..."
ဧဒင်စကားမဆုံးခင်မှာပင်....ရေထဲကနေသီဟသည်ရုတ်တရတ်ပေါ်လာ၍ ဧဒင်တစ်ချက်လန့်ဖြန့်ကာတုန်သွားသည်။ဧဒင် သီဟကိုစူးစိုက်ကာတစ်ချက်ကြည့်၍ပြုံးသည်။သီဟသည်မေထူးချွန်ကိုလက်ဖြင့်ပွေ့ဖက်၍ ရေပေါ်တွင်ကိုယ်ဖော့ထားရသည်။သီဟဆီ ဧဒင်ကူးခက်၍သွားကာပြေးဖက်လိုက်သည်။
"ဟီး...သီဟ..မင်းမသေဘူးနော်......မင်းငါ့ကိုမထားခဲ့ဘူးမို့လား..."
မေထူးချွန်၏ခန္ဓာကိုယ်ကိုပါထိန်းထားရသောသီဟသည် ဧဒင်ပြေးဖက်လိုက်၍ဝိတ်မမျှတော့ပဲ ရေထဲသို့ပြန်မြုပ်သွားသည်။
"အွန့်....."
ဧဒင်တစ်ချက်လန့်ကာ သီဟကိုပြန်ဆွဲတင်လိုက်သည်။သီဟ ရေပေါ်သို့ပြန်ပေါ်လာသည်။
"ဟူး...ခနလေးနော်ဧဒင်..ကိုယ်ဘာမှမဖြစ်ဘူး....မေထူးချွန်ကိုကူတွဲပေးဦး....."
"အေးအေး...ငါအစိုးရိမ်လွန်သွားလို့ပါ..."
ဧဒင် သီဟကိုအစိုးရိမ်လွန်သွား၍သူ၏ရုတ်တရတ်ပြုမူပုံကြောင့်ရှက်လဲရှက်မိသည်။
သီဟနှင့်ဧဒင် မေထူးချွန်ကိုတွဲကာကမ်းစပ်သို့ပြန်ကူးလာခဲ့သည်။
မေထူးချွန်ရော သီဟရော ပြန်ပေါ်လာပြီဖြစ်၍ကမ်းစပ်ရှိ သံလွင်တို့စိတ်အနည်းငယ်ဖြေသာ၍သွားသည်။