Part 8

523 26 0
                                    

ပြိုင်ဘက်...(အပိုင်း-၈)
===============

"ဘုန်း...ဘုန်း..."

မေထူးချွန် စားပွဲကိုလက်နဲ့ပုတ်သံကြားမှ သီဟတို့ အသိပြန်ဝင်လာတော့သည်။

"ငါ့ပုံစံအလန်းလွန်သွားတယ်မို့လား....ဘယ်လိုဆွဲဆောင်မှုတွေ တအားရှိပြီး လူတောင်မှားသွားတယ်မို့လား..."

"အေး...ဆွဲဆောင်မှုတအားရှိတယ်....ငါသာနွားဆိုမင်းကိုပြေးဝှေ့တယ်...တကိုယ်လုံးကွမ်းတံတွေးအထွေးခံထားရတာလားလို့တောင်ထင်မိတယ်...နီရဲနေရော...ဘယ်လိုတွေပြင်လာတာလဲမေထူးချွန်..."

"သီဟ...ဂျိုမဖောက်နဲ့နော်အကောင်းပြော....sexy ကျပြီးတစ်ချက်ထဲကြွေအောင်ပြင်လာတာ....ငါ့ပိုက်ဆံနဲ့ငါအကုန်ခံရတာနော်....နည်းနည်းပါးပါးအကောင်းပြော...."

"အေးပါဟကျေးဇူးပါ....ဒါပေမဲ့အမူအရာကနွဲ့နှောင်းဖို့လိုတယ်...မင်းပုံစံကြီးက ထမိန်ကြီးဝတ်ပြီးလမ်းလျှောက်တာက ရင်ကိုဖွင့်...တောင့်တောင့်ကြီးဖြစ်နေတယ်...နည်းနည်းနွဲ့ဦး...စကားပြောလဲလက်အမူအရာတွေနည်းနည်းထည့်ပေါ့...."

"အိုကေ...အိုကေ...ခနစမ်းကြည့်ကြမယ်....မင်းက...လင်းနိုင်ခနလုပ်ပေါ့..."

"တွေ့လားစတာနဲ့ဂွမ်းပြီး...မင်းနဲ့မပြောနဲ့လေ...ယောက်ျားအမူအရာတွေအကုန်ဖျောက်..."

"အေး..အေး.."

မေထူးချွန် အသက်ပျင်းပျင်းတစ်ချက်ရှူသွင်းကာ မိန်းမတစ်ဦး၏ mode သွင်းလိုက်သည်။သူမ၏ဘက်လက်ကိုလေထဲမှာပျော့ပျောင်းသွယ်လျစွာနဲ့မြှောက်တင်လိုက်ပြီး နားထင်ပေါ်ကျနေသောသူ၏ဆံပင်ကိုနားပေါ်သို့သပ်တင်လိုက်သည်။မျက်လွှာချထားသော မျက်ခွံကိုအနည်းငယ်လှန်တင်ကာ ပင့်၍သီဟကိုကြည့်ပြီး အသံစူးစူးချွဲချွဲပစ်ပြစ်ဖြစ်စကားဆိုသည်။မေထူးချွန်၏အသံမှာအချွဲလွန်နေ၍ စကားပင်မပီချေတော့....။

"ဟွာလေ....ခုလို...ကူညီပေးလို့...ကျေးဇူးသင်ပါတယ်..စင့်...နောက်လဲအခွင့်အသာခိုက်ရင်....ကူညီပေးပါလို့...ထပ်သောင်းဆိုခြင်ပါတယ်စင့်..."

"ကဒ်...ကဒ်..."

မေထူးချွန် သရုပ်ဆောင်မပြိးသေးခင် သီဟမှအေိာလိုက်ခြင်းဖြစ်သည်။

ပြိုင်​ဘက်​Where stories live. Discover now