Part 3

927 60 3
                                    

ပြိုင်ဘက်...(အပိုင်း-၃)
===============

ညနေဘက်ကျောင်းဆင်းချိန်များတွင် သီဟ ဧဒင်ကိုစာရှင်းပြရန်အကြောင်းပြချက်ဖြစ် ဧဒင်တို့အိမ်ကိုနေ့တိုင်းလိုလိုလာဖြစ်နေသည်။သီဟ၏ guide ကညနေ၆နာရီမှ စာလာပြ၍ လေးနာရီမှ ၆နာရီကြား ဧဒင်နှင့်ဆုံချိန်ရသည်။ဧဒင်ကခုမှ ပြောင်းလာ၍လားတော့မသိ ကျူရှင်တွေဘာတွေတက်သည်ကိုလဲမတွေ့ရသေးပေ...။ထို့ကြောင့်လဲ သီဟ ဧဒင်နှင့်ပိုနီးစပ်ရန်ကြိုးစားတော့သည်။ဖြစ်နိုင်လျှင်မျက်စိအောက်ကပင်ဧဒင်ကိုအပျောက်မခံနိုင်လောက်သည်ထိစွဲလမ်းတမ်းတ၍နေတော့သည်။

သီဟ ဧဒင်ကိုစာရှင်းပြနေရင်း မေးထောက်ကာ ဧဒင်မျက်နှာကိုတစ်စိမ့်စိမ့်ကြည့်နေရှာသည်။ဧဒင်က သင်္ချာကိုသာအာရုံစိုက်တွက်နေ၍ သီဟကြည့်နေသည်ကိုသတိမထားမိ...။သီဟဧဒင်ကိုမျက်လုံးကြွတ်ထွက်မတတ်စိုက်၍ကြည့်နေသည်။

တစ်ခနကြာတော့ ဧဒင် သချာင်္ပုစ္ဆာတစ်ပုဒ်ကိုနားမလည်၍ သီဟကိုရှင်းပြခိုင်းရန် ခေါင်းမော့၍သီဟကိုကြည့်လိုက်သည်။

"အောင်မလေး....."

ဧဒင် ဆီကထွက်လာသောအသံဖြစ်သည်။သီဟ သူ့အားမျက်လုံးပြူး၍စိုက်ကြည့်နေသောကြောင့်လန့်သွားခြင်းစြဖ်သည်။သူခိုးကြည့်နေသည်ကို ဧဒင်သိသွား၍ သီဟရှက်ကာမျက်နှာကြီးက နီရဲ၍လာသည်။

"ဘာတွေဒီလောက်ကြည့်နေတာလဲသီဟ...."

"ဟိုလေ...ဘာမှမဟုတ်ဘူး.. မင်းနားမလည်တဲ့စာတွေဘယ်အချိန်မေးမလဲကြည့်နေတာ..."

"အော်...ဒီပုစ္ဆာနားမလည်ဘူး...ရှင်းပြ..."

ဧဒင် နှုတ်ခမ်းလေးဆူ၍ နားမလည်သည့်ပုစ္ဆာကို သီဟကိုပြလိုက်သည်။သီဟ ဧဒင်ပေးတဲ့စာအုပ်ကိုမကြည့် ဧဒင်၏နှုတ်ခမ်းကိုသာကြည့်၍ သူ၏လျှာကိုတစ်ချက်သပ်သည်။ရင်ထဲမှာလဲ နှလုံးခုန်သံတွေကတစ်ဒုန်းဒုန်းမြည်ဟီးနေသည်။ဧဒင်၏ အပြုအမူတိုင်းသည် သီဟအတွက်ရင်ခုန်စေကာ အတွေးဘဝင်ကိုလှိုက်မောစေသည်။သီဟ ဧဒင်ကိုအဆက်အစပ်မရှိသော မေးခွန်းတစ်ခုကို ရုတ်တရတ်လှမ်းမေးသည်။

"ဧဒင်မင်းမှာချစ်သူရှိလား?..."

သီဟ၏ ရုတ်တရတ်အမေးကြောင့် ဧဒင်ကြောင်အမ်းအမ်းဖြစ်ကာ မျက်လုံးလေးကလယ်ကလယ်ဖြစ်သီဟကိုမော့ကြည့်သည်။
ထိုအခိုက် နှစ်ယောက်အကြည့်ခြင်းဆုံသည်။အကြည့်ခြင်းဆုံသည့်ခန နှစ်ယောက်လုံးဆွံ့အ၍နေမိသည်။ဧဒင်၏စိတ်အတွင်း အစိုင်အခဲတစ်ခုတည်လေပြီ...။ဧဒင်သူ၏ခံစားချက်ကိုရိပ်မိ၍ သတိဖြစ်ပြန်ထိန်းကာ သီဟ၏အမေးကိုအဖြေပြန်သည်။

ပြိုင်​ဘက်​Where stories live. Discover now