Part 1

4.4K 120 2
                                    

ပြိုင်ဘက်...(အပိုင်း-၁)
===============

"ကလင်...ကလင်...ကလင်..."

ကျောင်းတက်ခေါင်းလောင်းထိုးသံသည် စာသင်ကျောင်းတစ်ခုလုံးကိုလွှမ်းခြုံ၍သွားသည်။မနက်စောစောကျောင်းတက်လာသည့် ကျောင်းသားများ၏အသံများသည်လဲတိတ်ဆိတ်ငြိမ်သက်သွားသည်။ကျောင်းသားကိုယ်စီ သူတို့၏စာသင်ခန်းအသီးသီးသို့ဝင်ရောက်ကြသည်။

#Grade(11)_A

ပထမလပတ်စာမေးပွဲ report card ကိုအခန်း monitor ကလိုက်၍ဝေပေးသည်။

မေထူးချွန်သူ၏report card ကိုကြည့်ရင်း မျက်လုံးများနီရဲ၍လာသည်။မြင်တွေ့ရသည်က သူ၏အဆင့်သည် ပထမလပတ်တွင် ၂ ဖြစ်နေသောကြောင့်ဖြစ်သည်။သူက ၂ ဆို၁ကမည်သူဆိုသည်ကိုမတွေးပဲနဲ့ မေထူးချွန်သိလိုက်ရသည်။ငယ်ငယ်လေးထဲကစာပေ၊အားကစား စသည့်ပြိုင်ဆိုင်သင့်သည့်နေရာများတွင် ပြိုင်ဆိုင်ကြသောသူ၏ပြိုင်ဘက် သီဟမိုးပင်ဖြစ်မည်။ငယ်ငယ်လေးထဲကပြိုင်ဆိုင်လာခဲ့ကြသည့်သူတို့နှစ်ယောက်၏ပြိုင်ဆိုင်မှုတိုင်းသည် အနိုင်အရှုံးမကွဲပြားခဲ့။မေထူးချွန် ယောက်ျားတစ်ယောက်နှင့် အရာရာယှဉ်ပြိုင်မိပေမဲ့ သူ့ကိုယ်သူသိမ်ငယ်မှုမရှိ။အဘယ်ကြောင့်ဆိုသော် သူ့ကိုသူ ယောက်ျားတစ်ယောက်ဟုခံယူထားသောကြောင့်ဖြစ်သည်။ထိုနည်းတူသိဟမိုးသည်လဲ မိန်းမတစ်ယောက်နှင့်ယှဉ်ပြိုင်ရပေမဲ့ သူ့ကိုယ်သူစိတ်ဓာတ်ညံ့ဖျင်းသူဟုမသတ်မှတ်။ရပ်ကွက်အတွင်းမှာရော ကျောင်းမှာပါ သူတို့နှစ်ဦး၏ပြိုင်ဆိုင်မှုသည်ကြီးမား၏။တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဘက်ကောင်းများဟုသာသတ်မှတ်၍ သူတို့နှစ်ဦးကိုယှဉ်ပြိုင်ရန်ပင် မည်သူမျှမတတ်နိုင်ချေ။မေထူးချွန် ဘေးခွဲထားရမှ နဖူးအလယ်လောက်ထိကျဆင်းနေသောသူ၏ဆံပင်ကို လေနဲ့မှုတ်တင်လိုက်သည်။

"ဖူး..."

ပြီးနောက် သီဟမိုးရှိရာဘက်သို့လှည့်ကာကြည့်သည်။သီဟမိုးသည် အောင်နိုင်သူအပြုံးဖြစ်ပြုံးကာရိသဲ့သဲ့စကားတစ်ခွန်းကိုဆိုသည်။

"ဟဟ...လာယှဉ်ခြင်သေးတယ်...(ပ)လပတ်ထဲကငါ့အနောက်ရောက်နေပြီ....ရှေ့ဆက်လဲငါ့အနောက်ရောက်မှာပဲ...."

ပြိုင်​ဘက်​Where stories live. Discover now