Part 6

519 25 2
                                    

ပြိုင်ဘက်...(အပိုင်း-၆)
===============

"အချစ်သည် နူးညံ့သိမ့်မွေ့လှသည်။ အချစ်၏ဆန့်ကျင်ဘက် အမုန်းသည် ခက်ထန်ကြမ်းတမ်းလှ၏။ အချစ်နှင့် အမုန်းသည် ဆန့်ကျင်ဘက်သဘောဆောင်ပေမဲ့...အမုန်းသည် အချစ်မှပင် မြစ်ဖျားခံကာ စီးဆင်းသည်။

သူ၏ရင်ခွင်နှလုံးသားအတွင်းသီးသန့်ဖြစ်ပေါ်နေတဲ့ နယ်မြေတစ်ခုကို သီဟသည် အချစ်ဟုသတ်မှတ်၏။ထိုသီးသန့်နယ်မြေတွင် ယောက်ျားမိန်းမ ခွဲခြားထားမှုမရှိ ရှေးရိုးဓလေ့ထုံးစံဟုအစွဲပြုနေသည့်လူ့အတ္တများမရှိ...အချစ်သည်သာရှိ၍ အချစ်တစ်ခုထဲရှင်သန်ပေါက်ဖွားသည်။သို့ရာတွင် ထိုအချစ်နယ်မြေလေးကို အမုန်းဆိုသောလေနီကြမ်းသည် မုန်တိုင်းရောင်ဝါစင်၍ တစ်ခါတစ်ရံ ဝင်ရောက်ဖြိုဖျက်သည်။

လွမ်းဆွတ်ကာဆွေးမြေ့ကြေကွဲရသည်။ချစ်ရသူ၏အမုန်းသင့်ဒဏ်သည်....ရသမြောက်လောက်အောင်ပင် ခံစားရသည်။စို့နင့်ရသည်။နှလုံးသားတစ်ခုလုံးပေါက်ကွဲလုမတတ်နာကျင်ရပါသည်။

"ကျွီ......"

အခန်းတံခါးဖွင့်သံကြား၍ သီဟကုတင်ပေါ်လဲလျောင်းနေရာမှ ခေါင်းမော့ကအပေါက်ဝကိုကြည့်သည်။မေမေဒေါ်ရီမိုးသည် သူ့အားပြုံးရီပြကာဖြစ်အခန်းအတွင်းသို့ဝင်လာသည်။

"သားဘာဖြစ်လို့လဲအခန်းထဲအောင်းနေတာလဲ....မျက်နှာလဲမကောင်းဘူး....ပြီးတော့ဧဒင်ဆီကိုလဲအရင်လိုမသွားတော့ဘူး...သူနဲ့ရန်ဖြစ်ထားလို့လား...."

ဒေါ်ရီမိုး ပြောပြောဆိုဆိုဖြစ် သီဟလှဲနေသည့်ဘေးတွင်ထိုင်သည်။

"ဘာမှမဖြစ်ပါဘူး...စိတ်ရှုပ်နေလို့ပါ...ဧဒင်လဲစာတွေလိုက်မှီနေပြီဆိုတော့သွားမရှင်းပြတော့တာ..."

"ဟုတ်လို့လားသားရယ်..."

"တကယ်ပါဆိုမေမေရယ်...."

"ဟုတ်ပါပြီ...အပြင်မှာ မေထူးချွန်ရောက်နေတယ်..."

"ဟုတ်လား..."

သီဟကုတင်ပေါ်ထ၍ထိုင်သည်။

"အင်း...သားတို့ကဘယ်လိုလုပ်တည့်သွားတာလဲအမြဲတဂျက်ဂျက်နဲ့...."

"ဒီလိုပါပဲ...သူငယ်ချင်းတွေပဲဟာထူးခြားနေလို့လား..."

"ထူးခြားတာပေါ့...ခုလိုတည့်သွားတော့လဲစိတ်ချမ်းသာပါတယ်.."

ပြိုင်​ဘက်​Where stories live. Discover now