Part 7

563 29 1
                                    

ပြိုင်ဘက်...(အပိုင်း-၇)
===============

'လွမ်းကာပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ဝမ်းရေးတို့ဆက်၊ လွမ်းရေးခက်၏။´

ကြားဖူးနားဝရှိသော ဥမ္မာဒန္တီပျို့လာ စာပိုဒ်ကိုရင်ထဲအထပ်ထပ် သီဟပြန်လည်ကာကြားယောင်မိ၏။ထိုပျို့တွင် ဘဝအရေးနှင့်ဝမ်းရေးတို့ထက် လွမ်းရေးသည်ပိုခက်ခဲသည်ဟုအဆိုရှိ၏။သို့ပေမဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ကတော့ ဝမ်းရေးကလွမ်းရေးထက်ပိုခက်ခဲသည်ဟု ဥပမာတစ်ပုဒ်ဖြစ်ပြနှိုင်းဆိုကာထိုစာပိုဒ်ကိုကန့်ကွက်ခဲ့ဖူးသည်။မည်သို့ပင်ဆိုစေကာမူဘဝအရေးနှင့်ဝမ်းရေးနားမလည်သည့်သီဟအတွက်တော့ လွမ်းရေးသည် အခက်ခဲဆုံးဟုသတ်မှတ်၍ထားလိုက်သည်။ထားလိုက်သည်ဆိုခြင်းထက် ဖြစ်နေသည်ဆိုပိုမှန်လိမ့်မည်။

တစ်ရက်နှစ်ရက်မဟုတ်သောအလွမ်းဒဏ် ကိုလပေါင်းအလီလီနှစ်နဲ့ချီ၍ခံစားမှုရသမြောက်ခဲ့သည်။ပျောက်သောသူကြာရင်မေ့တဲ့....သီဟ၏ရှေ့တွင်သာပျောက်ကွယ်၍သွားသောဧဒင်သည် သီဟနှလုံးသားထဲတွင်စွဲထင်ကျန်ရစ်နေသမျှ သီဟ၏အတွေးထဲမေ့ပျောက်၍မသွားနိုင်ပါ....။မေ့နိုင်မည်လဲမဟုတ်ပါ....။အိပ်မက်ဆိုးဟုမှတ်ထင်ခြင်သော
ဤသမုဒယဇတ်လမ်းသည် အလွမ်းနှင့်တစ်ခန်းရပ်ခဲ့သည်မှာတစ်နှစ်ကျော်ခဲ့လေပြီ...။တစ်နှစ်ကျော်ခဲ့လေသောကြောင့် ရွက်ဟောင်းတို့ကြွေကာရွက်သစ်ဝေလေပြီ...။သို့ရာတွင်သီဟ၏ရင်ခွင်အတွင်းရှိအချစ်ဟောင်းသည်ကြွေလွင့်ကာခြောက်သွေ့မသွားပါ....။အချစ်စစ်ဖြစ်ဆက်လက်ဖူးသစ်နေ၏။ပွင့်လန်းနေ၏။

တစ်နှစ်ဆိုသည့်ကာလအတွင်း အချစ်မဟုတ်သည့်အလွမ်းအတုံ့အလှည့်ကို သီဟသည် လူးလွန့်ခံစားခဲ့ရ၏။တစ်နေ့နေ့ဆိုသည့်အတွေးကိုစောင့်ဆိုင်းရင်း ပြန်လာလေမလားဟုစိတ်မှတ်ထင်၍ ဧဒင်၏အိမ်ကိုရောက်ခဲ့မိသည်ကချောင်းပေါက်မတတ်ပင်...။ဧဒင်၏သတင်းစကားများကိုသာသွားရောက်စုံစမ်းမေးမြန်းဖြစ်ပေမဲ့ဧဒင်သည်သီဟအားအဆက်အသွယ်မလုပ်ခဲ့....။ဧဒင်၏မေမေဒေါ်ဌေးဌေးတို့ကအားနာ၍လားမသိ သူ့အကြောင်းမေးသည်ဟု သီဟကိုပြောပေမဲ့....မုသားစကားတွေမှန်း ဒေါ်ဌေးဌေးတို့၏မျက်နှာကပေါ်လွင်၍နေသည်။သို့ပေမဲ့ သီဟဧဒင်ကိုအပြစ်မဆိုရက်....။အသုံးချခံဖြစ်ခဲ့ရသည့် ဧဒင်နှလုံးသားအတွက် သီဟ၏အလွမ်းများကိုနစ်နာကြေးပေးသည့်သဘောဖြစ်သာထားလိုက်သည်။

ပြိုင်​ဘက်​Where stories live. Discover now