လောင်းကြေးကလဲနည်းတာမဟုတ်ဘူး..
အဲ့အကောင်သာ Bလိုက်ရရင်...တော်ပီ..တော်ပီ..ဘုရားဘဲငါ့ကယ်နိုင်မှာ
ဘုရားဘဲဆက်ရှိခိုးမှနှင်းပွင့် လက်အုပ်ပြန်ချီလိုက်ပြီး
ဘုရားဆီကိုသာပြန်အာရုံစိုက်လိုက်သည်.."အခုဖုန်းဆက်လို့ရပြီမဟုတ်လား??မေလေး.."
မြတ်မွန်ရဲ့အမေးကြောင့်မေလေးက
ဖုန်းလေးကိုကောက်ကိုင်လိုက်ရင်း.."အင်း..Bora Boraမှာအခုမနတ်၈နာရီ..
ငါအချိန်သေချာတိုက်ထားတယ်...""Okie..ငါတို့JuJuလေးဘယ်လိုများ
Tလိုက်လဲလို့ကြည့်လိုက်ရအောင်..""Okie..ရိုက်လိုက်ပါအုံး..ခိခိ.."
မေလေးနဲ့မြတ်မွန်နှစ်ကောင်သား
လက်ဝါးချင်းရိုက်ပြီးတခိုးခိုးတခိခိ
ရယ်နေသံများကိုနှင်းပွင့် အံကြိတ်ပြီး
မျက်နှာလွှဲပစ်လိုက်သည်..........................👣👣.......................
"တီတီတီတီ........တီတီတီတီ........"
ဆက်တိုက်ဆက်တိုက်လိုထထအော်နေသော
အသံတစ်ခုကြောင့်
ဟိန်းထက်ယံကမန်းကတန်းကောက်ထပြီး
သက်ဝေယံဘက်မှခုံပေါ်တွင်
တင်ထားသောဖုန်းကိုကောက်ပိတ်လိုက်ရသည်..စောင်ပုံဖြူဖြူထဲက ကလေးကတော့မျက်မှောင်
လေးတွန့်ရုံတွန့်ပြီးပြန်ငြိမ်ကုပ်သွားလေသည်..အခုမှသက်ပြင်းချနိုင်တော့သည်လေ..
ဒေါသအိုးလေးအိပ်ရေးများသာပျက်လို့ကတော့
ထပြီးသောင်းကျန်းလိုက်မယ့်ဖြစ်ခြင်း..သူ့ဖုန်းကိုကောက်ယူပြီးကြည့်လိုက်တော့
မေလေးဆီမှvideo callက
ပြန်တောင်ကျသွားပြီ..မနတ်စောစောစီးစီးအဲ့အစုတ်ပလုတ်မ
အလိုက်ကိုမသိဘူး..
သူယောင်္ကျားရမှနားလည်မယ်..ဟိန်းထက်ယံစိတ်ထဲမှတဗျစ်တောက်တောက်
ရေရွတ်နေစဉ်မှာပင်
Video callကထဝင်လာပြန်သည်..မကိုင်မချင်းကိုခေါ်နေမယ့်ပုံ..
ဖုန်းစက်ပိတ်ပစ်လိုက်ရရင်ကောင်းမလား??
ခေါ်တော့လဲဟိန်းထက်ယံ phကိုခေါ်တာမဟုတ်
အဲ့ကလေး phကိုခေါ်နေတာ..
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...
Leaving the best memories👣
Start from the beginning