Building the love bond💋

Start from the beginning
                                    

ကြည့်နေရင်း ကြည့်နေရင်းနဲ့ကို
ဟိန်းထက်ယံအသည်းယားပြီး
ပိုကလိချင်လာသည်..

မျက်တောင်ရှည်ရှည်လေးတွေ ဝန်းရံထားတဲ့
မျက်ခွံမို့မို့လေးတွေကိုငေးကြည့်နေရင်း
သူ့ပါးနုနုလေးကိုဖွဖွလေးတို့လိုက်သည်..

နူတ်ခမ်းလေးတစ်ချက်ရွဲ့သွားရုံမှအပ
ပုံမှန်အတိုင်းပြန်ဖြစ်သွားပြန်သည်..

ဒီကလေးကတော့..အိပ်ပုတ်ချက်ဘဲ..

ဒီတစ်ခါတော့ဟိန်းထက်ယံ
သူ့နှာခေါင်းလုံးလုံးလေးကို
လက်ညိုးနဲ့လက်မကိုသုံးပြီးဆွဲညှပ်လိုက်သည်..

"အွန့်..အွန့်.."

အသက်ရူကျပ်ပြီး
တအွန့်အွန့်နဲ့လူးလွန့်လာတဲ့ကလေးလေး
မျက်တောင်လေးတဖျတ်ဖျတ်ခတ်ပြီး
မျက်လုံးလေးပွင့်သွားချိန်မှာတော့..

"ဖုန်း...!!"

ဟိန်းထက်ယံမျက်နှာကိုခေါင်းအုံးတစ်လုံးက
လာမိတ်ဆက်သည်..

"အိပ်နေတာကို
ဘာလို့လိုက်နှောင့်ယှက်နေတာလဲ???!!!!"

လက်ကလဲမြန်မှမြန်ဘဲ..
တန်ပါတယ်..
အသည်းတယားယားနဲ့ကလိလို့ကောင်းနေတာကို.

ခေါင်းအုံးကိုကုတင်ကိုပြန်ပစ်တင်လိုက်ကာ
နာရီကိုလှမ်းကြည့်တော့ ၄နာရီခွဲနေပြီ..
ဒီကလေး ရေချိုးမှာဘာညာနဲ့ဆို
အချိန်ကပေးရအုံးမှာ..

နိုးမှဖြစ်တော့မယ်..

လူကိုထအော်ပြီးတစ်ဖက်ကိုပြန်လှည့်
အိပ်သွားတဲ့ သက်ဝေယံရဲ့လက်တစ်ဖက်ကို
ဟိန်းထက်ယံအတင်းဆွဲယူပြီး

"ထသင့်နေပြီ..
ညနေပိုင်းအိပ်ရင်နေမကောင်းဖြစ်လိမ့်မယ်.."

ထပါဆိုနေတာကို
တအွန်းအွန်း တအဲအဲလုပ်ပြီး
ကုတင်ပေါ်မှာဟိုလိမ့်ဒီလိမ့်လုပ်နေတဲ့သူ့ကို
ဖမ်းရတာကတစ်လုပ်..

လက်နှစ်ဖက်လုံးကိုလှမ်းဆွဲချလိုက်တော့
လူကို အိပ်ချင်မူးတူးမျက်လုံးနဲ့ဘုကြည့်,ကြည့်သည်..

ဟိန်းထက်ယံ...
စကားကိုတတ်နိုင်သလောက်ချိုချိုလေးပြော..
သူအိပ်ချင်နေတယ်..
ကိုယ့်ကိုယ်ကိုအတန်တန်သတိပေးနေရင်း

L❤VE in the 1st sight(Completed)Where stories live. Discover now