ဖေဖေ့စကားကြောင့်
ထိုးခံခဲ့ရတဲ့ညာဘက်ပါးပြင်ကဒဏ်ရာက
အရှင်းမပျောက်သေးသည့်အလား
ပြန်နာချင်လာသည်မို့ပါးကိုအသာပွတ်လိုက်မိသည်.."ဘယ့်နှယ်အမွေတောင်အဖြတ်ခံပြီး
အဲ့ကောင်လေးနဲ့ဘဲနေပါ့မယ်တဲ့..
ငါထပ်ပြီးအမွေဖြတ်ပစ်လိုက်ရ ."တကယ်လဲပြသနာတွေတက်ပြီးသတင်းစာထဲ
ကြေညာပြီးအမွေဖြတ်ပစ်ခဲ့တာ..
နောက်မှ ပြန်ရုတ်သိမ်းပါတယ်ဆိုပြီး
သတင်းစာထဲပြန်ပါလာရော..
မျိုးရိုးအစွဲကြီးတဲ့ဖေဖေဟာသူ့လုပ်ငန်း
အကုန်လုံးကိုတခြားသူလက်ထဲထိုးအပ်မှာ
မဟုတ်ဘူးဆိုတာမေမေကသိပီးသား.."အစ်ကို့တုန်းကလဲ ခိုင့်ကိုမှမရရင်အမွေဖြတ်ခံမယ်
ဆိုပြီးလုပ်ခဲ့တာဘဲလေ..
ခုဘာကွာလို့လဲ?ခိုင်ကမိန်းကလေး..
သားလက်ထပ်မယ့်သူကယောင်္ကျားလေး..
ဒါလေးဘဲကွာတာကို..""အဲ့တာကွာနေလို့ပေါ့..!!"
ဖေဖေကထိုင်နေရင်းနဲ့ဒေါသတကြီး
လှည့်အော်ထုတ်ပစ်လိုက်တာမို့
မေမေ ဇက်လေးပုသွားရသည်..
ဒါတောင်မေမေ့မျက်နှာကပြုံးစိစိလုပ်နေတုန်း.."တော်ပီ..မပြောတော့ဘူး..
ငါစိတ်တွေတိုလာပြီ..သွေးတိုးတယ်..."နောက်ဆုံးတော့လဲဖေဖေမျက်မှောင်ကြီး
ကြုံ့ပြီးပြန်လှည့်သွားလေသည်..မေမေကဖေဖေ့ပုခုံးလေးကိုသွားကိုင်ပြီး
အသံချိုချိုလေးနဲ့..
"ဒီနေ့က ကလေးတွေရဲ့မင်္ဂလာရှိတဲ့နေ့လေ
ပျော်ပျော်နေပါ အစ်ကိုရယ်.."မေမေကချော့လည်းဖေဖေက မျက်နှာစူပုပ်ပြီး
ကောက်နေတုန်း
အသက်၂၀တိတိကွာတဲ့ဖေဖေနဲ့မေမေရဲ့
အိမ်ထောင်ရေးမှာဖေဖေက ကလေးဆိုးကြီးလို
ဖြစ်ပီး မေမေက ကလေးထိန်းလိုဖြစ်နေသည်..ဖေဖေနဲ့မေမေ ကောက်ပွဲ..ချော့ပွဲလုပ်နေချိန်မှာ
ဟိန်းထက်ယံလာသမျှဧည့်သည်တွေကို
ဧည့်ခံရသည်...နူတ်ဆက်ရသည်..ရန်ကုန်ကဂေါက်ကွင်းတစ်ခုမှာဘဲ
ကျင်းပလိုက်သည့်ပွဲ
ဖြစ်သည့်အပြင်အရမ်းရင်းနှီးနေတဲ့မျက်နှာသိ
တွေသာဖိတ်ထားသည့်ပွဲမို့ လူကြီးတွေဆိုတာ
ထက် သူငယ်ချင်း..မိတ်ဆွေကပိုများသည်..
![](https://img.wattpad.com/cover/104422506-288-k67200.jpg)
ВЫ ЧИТАЕТЕ
L❤VE in the 1st sight(Completed)
ЮморUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...
Part-32(ဇာတ်သိမ်း)
Начните с самого начала