ဘာတွေပြောလို့ပြောနေသည်တော့မသိ
တခွိခွိရယ်နေပြီး
တစ်ချက် တစ်ချက်တော့ဟိန်းထက်ယံဘက်ကို
မျက်လုံးလေးစွေကြည့်တာတွေ့နေရသည်.."ဟေ့ကောင်..မင်းတို့ဟိုလိုဒီလိုဖြစ်ပြီးပီလား??"
သူငယ်ချင်းတစ်ယောက်ကနား,နားကပ်ပြီး
ခပ်တိုးတိုးကြိတ်မေးတဲ့မေးခွန်းအဆုံးမှာ
ဟိန်းထက်ယံတစ်ချက် ရယ်ပြီး
ခေါင်းခါပြလိုက်သည်..ပြောရင်သူတို့ယုံမှာတောင်မဟုတ်
မိန်းကလေးexတွေနဲ့ပတ်သက်ပြီး
လက်ရဲဇက်ရဲရှိခဲ့တဲ့အကောင်က
အဲ့ကလေးအလှည့်ကျမှ မျက်နှာကလွဲပြီး
ဘယ်နေရာမှမနမ်းဖူးဘူးဆိုတာ..ကျောင်းပိတ်တဲ့လတွေဆို
တောင်ကြီးပြန်ရင်တောင်အလွန်ဆုံးတစ်ပတ်..
ပြီးရင်ရန်ကုန်ပြန်လာပြီးသင်တန်းတူတူတက်ရင်း
တစ်အိမ်တည်းနေဖြစ်တာများတာမို့
တော်တော်များများက Living Together
လို့တောင်ထင်ကြသည်နေတာတော့နေတာဘဲ..
အချိန်တန်တော့ သူလဲကုတင်နဲ့
ကိုယ်လဲဆိုဖာနဲ့"ဟာကွာ..ညံ့လိုက်တာ!!ငါနဲ့သာနေရာချင်း
လဲလိုက်ချင်တယ်.."ကြိတ်မနိုင်ခဲမရဟန်ပန်နဲ့ပြောလာတဲ့ကောင်ကို
ရှေ့ကပုလင်းတွေကိုလက်ညိုးထိုးပြပြီး
"ဟေ့ကောင်..ရှေ့မှာရှိနေတာမင်းတို့မြိုထားတဲ့
ပုလင်းတွေနော်..""ဟိန်းထက်ယံ..ဒီမှာ..လုပ်အုံး!!"
ECမ လှမ်းခေါ်တဲ့အသံကြောင့်
အဲ့အကောင်တွေကိုကြိမ်းနေရင်းဟိန်းထက်ယံ
လှည့်ကြည့်လိုက်တော့ငင် !!
မေလေးပုခုံးကိုဆွဲဖတ်ပြီးအတင်းနမ်းဖို့လုပ်နေတဲ့
သက်ဝေယံ..
မေလေးအတင်းတွန်းဖယ်နေရင်းနဲ့
"ဟဲ့အကောင်..ဒီမှာ..လုပ်အုံး!!!"ဟိန်းထက်ယံထိုင်နေရာမှမြန်မြန်ထပြီး
အဲ့ကလေးမျက်နှာကြီး မေလေးမျက်နှာနား
မရောက်ခင်မှာတွန်းဖယ်ပစ်
လိုက်ရသည်..တော်သေးလို့..လက်မတင်လေး
မေလေးရည်းစားသာသိလို့ကတော့
မျက်ခွက်စုတ်မယ့်ကိန်း..တွန်းလိုက်တဲ့အရှိန်နဲ့သက်ဝေယံတစ်ပတ်
လည်ပြီးတော့မြတ်မွန်ဆီရောက်သွားသည်..
CZYTASZ
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...
Part-30
Zacznij od początku