ခုမှဟိန်းထက်ယံသူ့ပတ်ဝန်းကျင်ကိုကမန်းကတန်း
သူပြန်ကြည့်မိသည်ခြံရှေ့ဘဲဆိုပေမဲ့
ဘေးနားမှာကလဲချုံပုတ်သေးသေးလေးတွေ
အပေါ်က ဘာအပင်လဲမသိဘူး..
အပင်တစ်ပင်ရဲ့အကိုင်းကတော်တော်ကြီး
ညွတ်ကျနေတာ..
ပြီးတော့ဟိန်းထက်ယံ
ထိုင်နေတဲ့ပုံကဆောင့်ကြောင့်လေးမသိတဲ့သူဆိုချုံတိုးတယ်ဘဲထင်မှာဆိုပေမဲ့လဲ
ဒီရုပ်ဒီရည်လေးမှအားမနာ ပါးမနာ
ထင်ရက်လေသည်ဟိန်းထက်ယံချုံတွေကြားကနေ
အမြန်တိုးထွက်ပြီးတော့
"အန်တီထင်သလိုမဟုတ်ဘူး..
ကျွန်တော်. သက်ဝေယံကိုစောင့်နေတာ.."ကမန်းကတန်းဖြေရှင်းချက်ပေးလိုက်တော့မှ
"ဩော်..သားငယ်လေးကိုလား??""ဟုတ်.."
အဲ့တော့မှ ထိုအန်တီက အားနာသွားတဲ့
မျက်နှာလေးနဲ့
"ဩော်..အန်တီကမသိပါဘူးကွယ်
ဘေးခြံကလူတွေက ဖုန်းလှမ်းဆက်ပြီးပြောတာနဲ့.."ဩော်..ဩော်..
ဘေးခြံကလူတွေကပါဖုန်းလှမ်းဆက်ပြီး
သတိပေးတာခံရတဲ့အထိ
ဟိန်းထက်ယံကိုယ့်ကိုယ်ကိုတောင် ပြန်သနားချင်သွားသည်.."သားသူငယ်ချင်းဆိုရင်ဖြင့်
အိမ်ထဲဝင်စောင့်လေကွယ်..
သားငယ်လေးကရေချိုးလို့တောင်မပြီးသေးဘူး.."
ပြောပြီး သူ့ခြံထဲဝင်ခိုင်းတော့မှ
ဟိန်းထက်ယံသက်ပြင်းချနိုင်သည်..မဆိုးပါဘူး..ယောက္ခမလောင်းကြီးက
သဘောတော့ကောင်းသားဟိုကလေးနဲ့များကွာပ..
သူ့ကိုဒီလောက် လိုက်ပို့လိုက်ကြိုလုပ်ပေးတာတောင်
ခုသူ့အမေ ခေါ်မှအိမ်ပေါ်တက်ရတဲ့ဘဝဧည့်ခန်းထဲသို့ဦးဆောင်ပြီးခေါ်သွားတဲ့
သက်ဝေယံအမေနောက်ကနေ ဟိန်းထက်ယံ
လိုက်သွားသည်.."အန်တီ့နာမည်က ဒေါ်ဝင်းလဲ့ရီတဲ့.."
"ဟုတ်.."
"သားနာမည်က.."
"ဟိန်းထက်ယံပါ..အန်တီ.."
"ဩော်..သားသားခဏခဏပြောဖူးတယ်..
ဒီမှာ.ဝင်ထိုင်လေကွယ်.."ဧည့်ခန်းမှာထား,ထားတဲ့ဆတ်တီခုံတွေထဲမှ
ညွန်ပြတဲ့ခုံမှာ
ဟိန်းထက်ယံဝင်ထိုင်လိုက်သည်..
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...
Part-29
Start from the beginning