"ဂန္တဝင်မြောက်လွန်းတဲ့..ကမ္ဘာကျော်ပန်းချီလဲ
ရူံးရပြီ..🎵"

ပုံလေးကိုငေးစိုက်ကြည့်နေရင်း
ဟိန်းထက်ယံနူတ်ခမ်းတွေဟာ အလိုအလျောက်
ကကြီးပုံတွန့်ကွေးသွားရသည့်အခိုက်အတန့်

အဲ့ကလေးပုံရိပ်လေးက
Screenပေါ်မှ ဖျတ်ခနဲပျောက်သွားသည်..

ဟမ်?? 1 missed call..

ဟိန်းထက်ယံခေါင်းတည့်တည့်မိုးကြိုးပစ်ချ
လိုက်သလိုခံစားလိုက်ရသည်..

သေပြီ...ငါတော့သေပြီ...!
သူဖုန်းလာလို့ကိုင်တာနောက်ကျရင်တောင်
အသားကုန်ရစ်တတ်သေးတာ
ခု 1 missed callဆို
တကယ်သေပြီ..

ခုနက ဓာတ်ပုံလေးကြည့်ပြီး ငမ်းနေမိတာ
အခု အတွယ်ခံရတော့မယ့်ကိန်း..

Babyဆိုတဲ့contact nameကို
မြန်မြန်နှိပ်ပြီး
Ph callတော့

"လူကြီးမင်း ခေါ်ဆိုသောတယ်လီဖုန်းမှာ
မအားသေးပါရှင်.."

သေစမ်း!! ဟိုဘက်ကပြန်ခေါ်နေပြီလားမသိ..
မအားသေးပါရှင်ဆိုလဲ
ဟိန်းထက်ယံခမျာဖုန်းကိုဒီတိုင်းမထားလိုက်ရဲ

မဟုတ်ရင်missed callဖြစ်တာတောင်
ပြန်မခေါ်ဘူးလား ဘာညာနဲ့ရစ်လာနိုင်သည်..

၆ခါမြောက်သော
ဖုန်းအခေါ်မှာ မအားသေးပါရှင်ဆိုသော
အသံအစား တီ....ဟူသောဖုန်းဝင်သံလေးကြား
လိုက်ရသည်မို့..

ဟူး...တော်ပါသေးရဲ့

အခုမှဘဲဟိန်းထက်ယံသက်ပြင်းချနိုင်တော့သည်...

"ခင်ဗျားအခုဘယ်မှာလဲ??!!!!"
တစ်ဖက်က ဖုန်းစကိုင်ကိုင်ချင်း
ပထမဆုံးပြောသောစကား..

WTF..
လေသံကပိုးစိုးပက်စက်ကြီးကိုမာနေတယ်
ဗိုက်ဆာတာလား??အိပ်ချင်တာလား
တစ်ခုခုဘဲ..

ဟိန်းထက်ယံတံတွေးတစ်ချက်မြိုချရင်း
လေသံကိုအတတ်နိုင်ဆုံးအပျော့ပြောင်းဆုံး
ထားလိုက်ပြီး
"ဆိုင်ရှေ့ရောက်ပြီလား??ကလေး.."

"အင်း!!"

အင်း....လေသံကတင်းနေတုန်းဘဲ..
ပွစိပွစိနဲ့အာပြဲအောင်ကုန်းအော်တာလဲကြောက်
ရသည်..
ဒီလို စကားကိုတိုတိုပြတ်ပြတ်ပြောပြန်ရင်လဲ
လန့်ရသည်..

L❤VE in the 1st sight(Completed)Onde histórias criam vida. Descubra agora