ဆရာမစာသင်နေတုန်း
သူ့ဘက်ကို မသိမသာလေး
မျက်လုံးလေးစွေကြည့်တော့
မျက်နှာကိုစူပုပ်ပြီးစာသင်တာနားမထောင်ဘဲ
ဟိုကြည့်ဒီကြည့်လုပ်နေလေသည်..

စာသင်နေတဲ့တလျှောက်လုံး
သက်ဝေယံကသူ့ကိုလှည့်ကြည့်လိုက်
သူကပြန်ကြည့်လိုက်နှင့်

တစ်ခါတစ်လေ အကြည့်ချင်းဆုံသွားရင်
သက်ဝေယံပူထူပြီးမျက်နှာအရင်လွှဲမိလိုက်သည်

Projectorပေါ်ကစာတွေကို
ကြည့်နေရင်းတောင်
သက်ဝေယံကိုသူကြည့်နေမည်မှန်း
အလိုလိုခံစားရတော့
ရင်ထဲကကြည်နူးနေမိသလိုလို..

အတန်းချိန်ပြီးတော့ဆရာမက
Project & Prensentation
ကိစ္စအတွက်  ၇ယောက်တစ်ဖွဲ့ အဖွဲ့တွေဖွဲ့ ဖို့ပြော
ပြီး ဆရာမကအခန်းထဲကထွက်သွားလေသည်

သက်ဝေယံတို့ဒုတိယတန်းနှင့်
ပထမတန်းတို့Groupအဖြစ်
ပေါင်းလိုက်ကြသည်

အကုန်လုံးကသက်ဝေယံထက်
အသက်ကြီးကြသည်
အကိုကြီး ၁ယောက် အမကြီးက ၅ယောက်
သက်ဝေယံနဲ့ဆို ၇ယောက်

"ဒီGroupထဲဝင်ချင်လို့.."

ခပ်ပြတ်ပြတ်အသံတစ်ခုကြောင့်
Groupအကြောင်းဆွေးနွေးနေရင်း
သက်ဝေယံတို့တစ်အုပ်စုလုံး
လှည့်ကြည့်မိသည်..

ထင်တဲ့အတိုင်းဟိုလူကြီး..

အဖွဲ့ထဲမှာခေါင်းဆောင်ဖြစ်တဲ့အပြင်
အသက်အကြီးဆုံးအမဝေနှင်းအောင်က

"ဟိုလေ..အဖွဲ့က ၇ယောက်ပြည့်သွား
ပြီဆိုတော့..အဆင်မပြေတော့ဘူး..
တခြားအဖွဲ့တွေမှာ တစ်ချက်မေးကြည့်ပါ
လား??"

ဟိန်းထက်ယံက ပေတေပြီးထွက်မသွားဘဲ
တခြားအဖွဲ့တွေဘက်ကို ဟိုကြည့်ဒီကြည့်
လုပ်နေလေသည်.

အဲ့လူကြီးကတော့..
သူထိုင်တဲ့အတန်းကသူတွေနဲ့သွားပေါင်းတာ
ရင်လဲဖြစ်တာဘဲကို..

သက်ဝေယံကတော့အသာလေးငြိမ်ကုတ်ပြီး
ထိုင်နေလိုက်သည်..

ခဏကြာတော့..

"မင်းလိုက်ခဲ့.."

လက်ကိုဖျတ်ခနဲလာဆွဲသောကြောင့်
သက်ဝေယံမော့ကြည့်လိုက်မိသည်..

L❤VE in the 1st sight(Completed)Where stories live. Discover now