ကွန်ကရစ်ခင်းထားတဲ့လမ်းထက်က
သဲပွင့်မူန်မူန်လေးတွေကိုသာ
ငုံ့ကြည့်ရင်း လျှောက်လာမိသည်..

ခပ်စိမ်းစိမ်းသစ်ပင်ရိပ်လေးတွေကို
မျက်ဝန်းထောင့်စွန်းမှ မြင်တွေ့နေရသည်..

မကြည့်နဲ့..ဟိန်းထက်ယံ..လုံးဝလှည့်မကြည့်နဲ့

ကြည့်မိလိုက်ရင် နှလုံးသားတစ်နေရာမှာ
ပုန်းကွယ်နေတဲ့အမှတ်တရတွေက
ချက်ချင်းလိုကို ခေါင်းထဲတန်းစီပြီးရောက်
လာလိမ့်မည်

အခန့်မသင့်ရင် ခုနကထိန်းချုပ်ထားခဲ့တဲ့
မျက်ရည်တွေပါ ပြိုစီးကျလာနိုင်သည်..

ရှေ့မှာEBဆောင်ကိုပင်
လှမ်းမြင်နေရပြီ..

တစ်လှမ်း...

နှစ်လှမ်း...

သုံးလှမ်း..

"ဟေ့လူကြီး..!"

အသံခပ်စူးစူးလေး..

ဒါ...ဒါ...

ငါတော့စိတ်တွေစွဲပြီး
ပေါက်တတ်ကရတွေလျှောက်ကြားနေပြီထင်သည်

ဟိန်းထက်ယံ ကိုယ့်ပါးနှစ်ဖက်ကို
ကိုယ်ပြန်ရိုက်လိုက်မိသည်.

မနေ့က အရူးခံလိုက်မယ်လို့
ပြောမိလိုက်တာ..
နိမိတ်နောက် နာမာလိုက်ပြီး
တကယ်ဘဲရူးတော့မည်လားမသိ..😢

"ဟေ့လူကြီး!နားကန်းနေတာလား??"

ငင်!
နားကန်းနေလား??

ဒီတစ်ခါတော့အသံကပိုပြီးပီပီသသကို
ကြားလိုက်ရသည်

မူးထားတဲ့လက်ကျန်အရှိန်လေးတွေလဲ
အကုန်ပျောက်သွားသည်..

ဟိန်းထက်ယံ မယုံမရဲလေးနှင့်
နောက်ကိုလှည့်ကြည့်လိုက်တော့..

နှစ်ယောက်အတူ
ထိုင်နေကျခုံတန်းအပြာလေးနားမှာ

ကော်ဖီရောင်စပို့ရှပ်လက်ရှည်လေးနှင့်
အောက်ကအနက်ရောင်ယောပုဆိုးလေး

ဆံနွယ်အနက်ရောင်ပျော့ပျော့လေးတွေက
နဖူးပေါ်ဝဲကျနေသည်..

သေသေချာချာမျက်လုံးနှစ်လုံးကို
လက်နဲ့ပွတ်ပြီးကြည့်လိုက်တော့

လက်လေးကိုပိုက်ထားပြီး
ဘုကြည့်ကြည့်နေသောအကြည့်က
အဲ့ကလေးမှန်းပိုသေချာသွားလေသည်..

L❤VE in the 1st sight(Completed)Where stories live. Discover now