လတ်စသတ်တော့ ဟိုကလေးကိစ္စကိုး..
သူ့မှာလဲသနားတော့သနားစရာ
ကြွေပြီးတော့မှယောင်္ကျားလေးမှန်းသိရတဲ့အဖြစ်
ဆိုတော့လဲ

"Ok ...Ok..
မင်းရဲ့အမြင်ကြီးကိုငါအမှန်ပြန်ရအောင်
လုပ်ပေးမယ်..ဟုတ်ပြီလား..?
မနတ်ဖန်ကျောင်းသာလာခဲ့.."

"မနတ်ဖန်ကျောင်းကိုတကယ်ကြီးလာရမှာ
လား??"

"တကယ်ကြီးမလာလို့မင်းကဘယ်လိုလာချင်လို့လဲ?
ပြီးတဲ့အပတ်တုန်းကလဲကျောင်းမွေးနေ့ပွဲပြီးတည်းက
ပေါ်ကိုပေါ်မလာဘူး."

"ငါ..ငါ..ကျောင်းတက်ရင်ဟိုကလေးနဲ့
တွေ့မှာစိုးလို့.."

ဖြစ်ရတယ်...သူ့လူကောင်ကြီးနဲ့
ဟိုကပိစိကွေးသေးသေးလေး

"မနတ်ဖန်သာလာခဲ့စမ်းပါဟာ..
ငါအိပ်တော့မယ်..ဒါဘဲ"

"အေး...ပါ..."

တီ...

ဟိုဘက်ကစကားသံလေးအဆုံးမှာဘဲ
ဝင်းမြင့်ဖုန်းချပစ်လိုက်ကာ
စောင်ကိုခြုံပြီးကွေးအိပ်ပစ်လိုက်လေသည်
.......

မနတ်ကျတော့
ကန်တင်းအရှေ့တည့်တည့်နားကသစ်ပင်အောက်
မှာဖုန်းလေးပွတ်ရင်းဟိန်းထက်ယံကိုစောင့်နေမိသည်

ဖုန်းလေးငုံ့ပွတ်လိုက်
ကျောင်းဂိတ်ပေါက်ဝကိုလှမ်းကြည့်လိုက်လုပ်နေတုန်း
မှာပင်

ငင့်..!!

မြင်လိုက်ရတဲ့မြင်ကွင်းကမယုံနိုင်စရာ
ကျောင်းဂိတ်ပေါက်ကနေခေါင်းကိုငိုက်စိုက်ငိုက်စိုက်
နှင့်ယိုင်တိုင်တိုင်
လျှောက်လာသည့်သူသည်ဟိန်းထက်ယံမှ
ဟုတ်ပါရဲ့လား??

မြင်တဲ့ဟာဆွဲထုတ်ဝတ်လာပုံရသည့်
တွန့်ကြေနေတဲ့ရှပ်အင်္ကျီလက်တို
ပုဆိုးကလဲ ဝတ်ထားတာစောင်းနေသေးသည်

ဆံပင်ကလဲဘုတ်သိုက်

ပုံမှန်ဆိုစမတ်ကျကျသန့်သန့်ပြန့်ပြန့်
နေတတ်တဲ့ကောင်ကဘယ်လိုဖြစ်လာသည်မသိ

"ဟေ့ကောင်..ငါဒီမှာ.."

အသိစိတ်လွတ်နေသည့်သူပမာ
ယောင်တောင်တောင်နှင့်လမ်းလျှောက်နေသည်မို့
ဝင်းမြင့်လှမ်းခေါ်လိုက်ရသည်

L❤VE in the 1st sight(Completed)Where stories live. Discover now