"Sushi တွေကျန်သေးလားမသိဘူး"
Sushiနှင့်လက်မှတ်လာလဲသည့်သူတွေက
ရောက်လာလေတော့"ဟိုလေ..ကုန်သွားပြီ
အခုသွားထပ်ယူနေတယ်..ခဏလောက်စောင့်ပေး
ပါနော်..""ဟယ်..ချစ်စရာလေးတော့.."
ပြန်ဖြေနေတုန်းမှာပင်
လာဝယ်သည့်နှစ်ယောက်ထဲမှ
တစ်ယောက်ကအလန့်တကြားထအော်တော့
သက်ဝေယံလန့်သွားရသည်..ကြောင်ပြီးကြည့်နေမိတုန်းမှာပင်
ဘေးနားကတစ်ယောက်ကတိုးတိုး တိုးတိုးနှင့်
ဘာတွေကပ်ပြောလိုက်သည်မသိ..သူတို့မျက်ဝန်းတွေထဲကရောင်ခြည်တထောင်လောက်
ကိုဖြာထွက်လာသည်ကိုသက်ဝေယံခံစားလိုက်
ရသည်.."အာ .သိပြီ..Crossplay!!!!"
"တကယ့်မိန်းကလေးမှတ်နေတာ.."
ဘယ်လိုတုံ့ပြန်ရမည်မှန်းမသိသည်မို့
သွားလေးဘဲပြန်ဖြဲပြီး
ပြုံးပြနေရသည်"ဟိုလေ..မောင်လေး..အဲ့ ဘယ်လိုခေါ်ရပါ့..ဟီး"
"မောင်လေးလို့ဘဲခေါ်လို့ရပါတယ်အစ်မ"
ကမန်းကတန်းပြန်ပြောလိုက်ရသည်
လူကိုခြောက်နေပြီဟုတောင်ထင်နေပြီလားမသိ
ဟင့်..မခြောက်ဘဲစိုတာကမှဟိုဘက်ကမ်းတောင်လွန်သေး
သူတို့ကိုတောင်သက်သေပြလိုက်ချင်သေးသည်😐"ဩော်..ဟုတ်ပီ..မောင်လေး
ဟိုလေ..Fan service လေးပေးပါနော်
အမတို့ဓာတ်ပုံလေးရိုက်လို့ရမလားလို့.."ဖုန်းလေးကိုကိုင်ရင်းသွားလေးအဖြဲသား
နှင့်တောင်းဆိုလာလေတော့မတတ်နိုင်ဘူးလေ..
စမိမှတော့အဆုံးထိလုပ်တော့ သက်ဝေယံရေPh selfieမှန်ထဲမှာပေါ်လာသော
ကြောင်နားရွက်ထောင်ထောင်နှင့်ကိုယ့်ရုပ်ကို
ကြည့်မိတော့ မွေးသမိခင် ကျေးဇူးရှင်ကိုပင်
အော်ဆဲချင်မိလာသည်ဘာလို့မိန်းကလေးနဲ့တူအောင်မွေးပေးရတာလဲလို့??
လိုချင်တာရသွားပြီဖြစ်သော
ထိုအမနှစ်ယောက်တို့ကတော့
ဖုန်းထဲကဓာတ်ပုံကိုကြည့်ရင်း
ပျော်ရွှင်မြူးတူးရင်းထွက်သွားလေပြီ
![](https://img.wattpad.com/cover/104422506-288-k67200.jpg)
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...
Part-5
Start from the beginning