Part 7

8.9K 981 22
                                    

Unicode

"When life gives you something that makes you feel afraid that's when life gives you a chance to be brave"

"ဘဝမှာ ကြောက်စရာတွေကိုကြုံတွေ့လာရတဲ့ အခိုက်အတန့် ဆိုတာ မင်းရဲ့ သတ္တိတွေကို ထုတ်ပြဖို့ အခွင့်အရေး သာ ဖြစ်တယ်"

- Lupytha Harmin -

"ဆရာ.."

သူရုံးခန်းထဲ ဝင်လာတော့ သူ့အတွင်းရေးမှူးက တအံ့တဩ ကြည့်နေသည်။ သုံးနှစ်လုံးလုံး ပင်နီနှင့် ပုဆိုး ကို မဝတ်လျှင် အကျႌအဖြူ နှင့် ပုဆိုးသာ ဝတ်နေကျ သူက Shirt အပြာရောင်ဖျော့လေးကို Style pan မီးခိုးရောင်လေးဖြင့်ဝတ်ထားသည်။ ဒါက မင်းခန့်ထည် ၏ စိတ်ကြိုက် Style ဖြစ်သည်။ သူမလုံမလဲဖြင့် သူ့လက်မောင်းကို သူပြန်နမ်းကြည့်လိုက်မိသည်။ ရေမွှေးနံ့တွေများမွှန်ထူနေသလိုလို ရှိသည်။

"ဆရာ... ဘာဖြစ်လဲ.. ပြောလေ.." သူက မျက်နှာထား တည်တည်ဖြင့် ကြည့်ပြောလိုက်တော့ သူ့အတွင်းရေးမှူးလေး ပြာသွားသည်။

"ဘာမှ မဟုတ်ပါဘူးဆရာ.. ဒီနေ့ Schedule ပြောပြမလို့.."ပြာပြာသလဲ စာရွက်တွေဆွဲနေသော ထိုကောင်လေးကို သူလက်ကာပြပြီးတားလိုက်သည်။

"မလိုဘူး.. ဒီနေ့ BBC ကသတင်းထောက်နဲ့ ဟိုနေ့က မိဘမဲ့ကလေးကျောင်းမှာ ရိုက်ထားတာတွေ Edit လုပ်ဖို့ပဲရှိတာ..သူလာရင် ကိုယ့် အခန်းထဲပို့လိုက်.."သူရုံးခန်းထဲဝင်ဖို့ တံခါးလက်ကိုင်ကို လှည့်ပြီးမှ ထို အတွင်းရေးမှူးထံ လှည့်ပြောလိုက်သည်။ " သူလာရင် Coffee နှစ်ခွက် အခန်းထဲပို့ပေး.. ကိုယ့်အတွက်က ပုံမှန်.. သူ့အတွက်က နို့ပိုထည့်ပေးလိုက် သကြားတစ်ဇွန်းပဲထည့်.."

နောက် တစ်ကြိမ် ပါးစပ်ဟောင်လောင်း ဖြစ်နေမည့် သူ့အတွင်းရေးမှူးကို ကျောခိုင်းပြီး အခန်းထဲဝင်လာခဲ့သည်။ အံ့ဩပါစေတော့...

................

"ဆရာ.... သတင်းထောက်ရောက်ပါပြီ.."

ထိုအသံကြောင့် နေလင်းမြတ်ပြုံးပြီး အခန်းတံခါးဝကို ကြည့်လိုက်သည်။ ဒါပေမယ့် ဝင်လာတာက မင်းခန့်ထည် မဟုတ် ရွှေဝါရောင် ဆံနွယ်ခွေ များနှင့် ကောင်မလေး တစ်ယောက်...

"မင်းခန့်ထည်ရော... ဒါ သူလာရမှာ မဟုတ်လား.." တစ်နာရီလုံးလုံး သည်းခံ အလုပ်လုပ်ပြီးနောက်တွင် သူ့ရှေ့တွင် laptop ကို ကြည့် နေသော ထိုကောင်မလေးကို မေးလိုက်မိသည်။

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)जहाँ कहानियाँ रहती हैं। अभी खोजें