Part 4.1

9.9K 1K 4
                                    

Unicode

"Being deeply loved by someone gives you strength, while loving someone deeply gives you courage"

-Lao Tzu-

"Sun"....

ဝုန်းခနဲ ခုံဆွဲယူသံနှင့် အတူ Sun ဟူသော ခေါ်သံကြောင့် နေလင်းမြတ် မျက်လုံးဖွင့်ကြည့်လိုက်တော့ ရွှေရောင်ဆံပင်နှင့် ပြင်သစ်မလေးတစ်ယောက်က သူ့ကိုပြုံးကြည့်နေလေသည်။

"စာကြည့်တိုက်တစ်ခုလုံးမှာ အကောင်းဆုံးနေရာကိုမှ ယူထားပြီး အိပ်ငိုက်နေတာလား..."

ချစ်ဖို့ကောင်းသော ထိုပြင်သစ်မလေးသည် သူနှင့် Forum များတွင် မကြာခဏ ဆုံနေရသော သူငယ်ချင်းများထဲမှ တစ်ယောက်ပင်ဖြစ်သည်။ သူ၏ နေလင်းမြတ်ဟူသော အမည်သည် ထိုပြင်သစ်မလေး အတွက်ခက်လွန်းသည်ထင့်... သူ့အမည်မှ နေ ကို ယူပြီး သူ့အား Sun ဟုခေါ်လေသည်။

"Sun.. ထ.. ထ..." ပြောရင်း Arina က သူရှေ့တွင်ဖွင့်ထားသော စာအုပ်များကို ဆွဲသိမ်းနေလေသည်။

သူက နားမလည်သလို ပြန်ကြည့်လိုက်တော့ Arina က နှုတ်ခမ်းစူပြီး သူ့ပခုံးကို စာအုပ်ဖြင့်ထုလေသည်။ "Gay Pride Parade... လေ Sun.. gay Pride Parade.. Sun လိုက်ပို့ပေးမယ်ပြောထားတယ်လေ....."

ယခုအချိန်တွင် နေလင်းမြတ်သည် LGBT Right Supporter တစ်ယောက်အနေဖြင့် ရပ်တည်နေလေသည်။ မပွင့်လင်းသေးသော မြန်မာ့လူဘောင်အဖွဲ့အစည်းတွင် Gay တစ်ယောက် အနေဖြင့် ပြတ်ပြတ်သားသား ရပ်တည်ဖို့ မလွယ်ကူ.... အထူးသဖြင့် လွှတ်တော် အမတ်တစ်ယောက်အနေဖြင့် Gay တစ်ယောက်အဖြစ် သူဘယ်လို ရပ်တည်မလဲ...

သူလုံးဝ မကြိုးစားကြည့်ဖူးတာတော့မဟုတ်.. သူကြိုးစားကြည့်ခဲ့ဖူးသည်...

မင်းခန့်ထည် ...

မင်းခန့်ထည်နှင့်အတူပေါ့....

================

"မင်းရူးနေသလား" အဖေ့ အော်သံနှင့်အတူ ပစ်ပေါက်ခံလိုက်ရသော အလှထားပန်းအိုးက နေလင်းမြတ် ဘေးရှိနံရံ ပေါ်သို့အရှိန်ပြင်းစွာ ရောက်ရှိ ကွဲကြေသွားသည်။ "မင်းရဲ့ စောက်ရေးမပါတဲ့ အလုပ်တွေက ဘယ်တော့ပြီးမှာလဲ"

"ဖေကြီးရယ်" မေမေသည် ရှိုက်ငို ထားရလွန်း၍ အက်ကွဲနေသော အသံဖြင့် အဖေ့ကို ဖြောင်းဖျရန်ကြိုးစားနေသည်။"လက်လွန်ခြေလွန်တွေ ဖြစ်ကုန်ပါ့မယ်"

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)Where stories live. Discover now