Part 4.2

9.3K 1K 9
                                    

Unicode

"Run.. Run.. Run..."ဟု အော်ဟစ်အားပေးနေသော လူအုပ်ကြီး ကြား အတင်းတိုးသွားနေသော Arina လက်ကို ဆွဲရင်း သူ လူအုပ်ကြီး၏ရှေ့ဆုံးသို့ ရောက်မှန်းမသိရောက်သွားလေသည်။

ယခုပြိုင်ပွဲက Gay အမျိုးသား များ ဒေါက်ဖိနပ်ကို စီးပြီး ပြေးရသော ပြိုင်ပွဲ တစ်ခုဖြစ်သည်။ သူရပ်နေမိသည့်နေရာက ပန်းဝင်လာမည့် ပြိုင်ပွဲဝင်များကို ဆီးကြိုမည့် သူများ၏နောက်ဘက်နေရာ ဖြစ်လေသည်။

ပြိုင်ပွဲဝင်များကတော့ ဒေါက်ဖိနပ်ကို စီးကာယိုင်တိုင်တိုင် ပြေးနေကြသည်။ အသက်ကြီးကြီး အမျိုးသားတစ်ဦးက ဘေးမှ အားပေးနေကြသော ပရိတ်သတ်များကြား လဲကျသွားသည်။ အတွဲဖြစ်ဟန်ရှိသော ငယ်ငယ်ရွယ်ရွယ် ကောင်လေးနှစ်ယောက်က လက်တွဲပြီး ပန်းတိုင်ရောက်အောင် ကြိုးစားပြေးနေကြသည်။ သူ့ရှေ့တွင် ရပ်နေသော အရပ်မြင့်မြင့် အမျိုးသားတစ်ဦး က အီတာလျံအသံဝဲဝဲဖြင့် ပြိုင်ပွဲဝင်နေသော သူ့ Partner ကို အော်ဟစ်အားပေးနေသည်။ "Come On.. baby.. You can do it.. baby..." အားကုန်အော်ကာ လက်သီးလက်မောင်းတန်းပြီး အားပေးနေသော ထိုသူကိုကြည့်ပြီး နေလင်းမြတ်ပင် တက်ကြွလာသည်။ ထိုသူ၏ ချစ်ရည်ရွှန်းလဲ့နေသော မျက်ဝန်း၏ ဦးတည်ရာကို သူကြည့်လိုက်မိတော့......

အနီရောင်ဒေါက်ဖိနပ်ဖြင့် ရုန်းကန်ပြေးလွှားနေသော ကောင်လေးတစ်ယောက်....

သူ့ အိမိမက်တွေကို ကြီးစိုးနေခဲ့တဲ့ ဝိုင်းစက်စက် မျက်ဝန်းတစ်စုံ...

အရင်လို နီရဲနေဆဲ နှုတ်ခမ်းပါးလေး...

ရှက်သွေးရောင် ဖြာနေတဲ့ ပါးပြင်လေးတွေ............

တစ်နည်းပြောရရင်...

မင်းခန့်ထည်............

သူချစ်ခဲ့ရတဲ့............ သူလက်လွှတ်ခဲ့ရတဲ့......... သူချစ်ခင်နေဆဲ မင်းခန့်ထည်......

================

မင်းခန့်ထည်၏ မျက်နှာပေါ်သို့ထိုးကျလာသော ရှင်းသန့်နွေးထွေးသော နေရောင်ခြည်ကို သူ လက်ဖြင့်ကာပေးလိုက်သည်။ သူ့လက်မောင်းကို ခေါင်းအုံးထားသော ထိုကောင်လေးကတော့ အပူအပင်မရှိ ဆက်လက်အိပ်ပျော်နေဆဲဖြစ်သည်။ သူ့လက်ညှိုးလေးဖြင့် ကောင်လေး၏ နဖူးလေးကို ဖွဖွ ထိလိုက်သည်။ ပြီးတော့ နှာတံစင်းစင်းလေး တစ်လျှောက် လက်ညှိုးကို ဖွဖွလေးဆွဲချလာလိုက်သည်။ နီရဲရဲ နှုတ်ခမ်းပါးလေးအား ဖွဖွလေးထိလိုက်တော့ ကောင်လေးက မျက်နှာလေး ရှုံ့သွားပြီး လူးလွန့်သွားသည်။

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)Onde histórias criam vida. Descubra agora