Part 2.1

12.6K 1.1K 19
                                    

Unicode

"Before we can forgive one another, we have to understand one another"

"တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ခွင့်မလွှတ်​နိုင်​ခင်​ အရင်​ နားလည်​ဖို့လိုအပ်​တယ်​"

Emma Goldman

"မလိုက်​ဘူးကွာ... ငါလည်းဘယ်​သူမှ မသိဘဲ အဲ့ဒီ Gathering ကို ဘာလို့လိုက်​ရမှာလဲ" ​နေလင်းမြတ်​ မျက်​စိကြီးမှိတ်​ ​ခေါင်းကြီးခါပြီး တွင်​တွင်​ ငြင်း​နေ​သော်​လည်း ငြိမ်းချမ်း က ချီပြီး မ​ခေါ်ထုတ်​သွားရုံတမယ်​ ဆွဲ​ခေါ်​နေ​လေသည်​။

"​ဟေ့​ရောင်​ မင်းကို​ခေါ်​နေတာ မဟုတ်​ဘူး.. မင်းကားကို လိုချင်​​နေတာကွာ..."

အော်​လည်း​အော်​ ဆွဲလည်းဆွဲ ရုန်းရင်း ဆန်​ခတ်​ဖြစ်​​နေကြ​သော သူငယ်​ချင်း နှစ်​​ယောက်​ကို မင်းခန့်ထည်​က ကုတင်​​ပေါ်တွင်​ ထိုင်​ကာ အူနှိပ်​ရယ်​ရင်း ကြည့်​နေ​လေသည်​။

"မင်းတို့ Organized လုပ်​တဲ့ Gathering ပဲ။ မင်းတို့ပိုက်​ဆံနဲ့ ကားငှါးပြီး ပစ္စည်းသယ်​​ပေါ့။ ​ဘော မို့လို့ ငါ့လာ ကုန်းဆင်​းနေတာလား" ​နေလင်းမြတ်​က ​အော်​ရင်း အတင်းတွန်းပြီး ထလိုက်​​တော့ ငြိမ်းချမ်းတစ်​​ယောက်​ ဖုတ်​ခနဲ ကြမ်းပြင်​​ပေါ်ကျသွားသည်​။

သို့​ပေမယ့်လက်​သွက်​လှ​သော ငြိမ်းချမ်းက ​နေလင်းမြတ်​ ပုဆိုး​အောက်​နား စ ကို ခပ်​တင်းတင်း ဆုပ်​ကိုင်​ပြီး "​ဟေ့​ကောင်​ ပို့မှာလား မပို့ဘူးလား။"ဟုခြိမ်းခြောက်​​လေသည်​။

"​ဟေ့​ကောင် မပို့ဘူးကွာ။ ငါ့လာ မခြိမ်းခြောက်​...." ​နေလင်းမြတ်​စကားပင်​ မဆုံးလိုက်​ သ​ကောင့်သား ငြိမ်းချမ်းက ပုဆိုးကို ဆတ်​ခနဲဆွဲလိုက်​ရာ ကြမ်းပြင်​​ပေါ်တွင်​ ပုဆိုး​လေးက ပုံကျသွား​လေသည်​။

ထိုအချိန်​တွင်​ ​နေလင်းမြတ်​ ​မင်းခန့်ထည်​ကို ကြောက်​လန့်တကြား လှမ်းကြည့်မိ​တော့ မင်းခန့်ထည်​က ​ခေါင်းငုံ့ကာ မျက်​နှာလွှဲ ထား​လေသည်​။ ​ပြီး​တော့ ပါး​လေးနှစ်​ဖက်​က နီရဲ​နေသလို.....

"ငိုးမ.. ​သေချင်​ပြီလား.." ​နေလင်းမြတ်​ ပုဆိုးကိုပြန်​ဆွဲတင်​ဖို့လုပ်​​တော့ ငြိမ်းချမ်း က အတင်းပြန်​ဆွဲထားရင်း " အဲဒါဆို လိုက်​ပို့" ဟု​အော်​​လေသည်​။

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)Where stories live. Discover now