Part 6.2

8.5K 961 12
                                    

Unicode 

"အဆင်သင့်ဖြစ်ပြီလား ဆရာ.ကျွန်တော် အိမ်အောက်ရောက်နေပြီ ." အတွင်းရေးမှူးကောင်လေးက ဖုန်းလှမ်းဆက်လေသည်။

"အေး ခုပဲထွက်လာပြီ " နေလင်းမြတ် ပြန်ပြောရင်း အခန်းတံခါးကို ဖွင့်ပြီး အောက်ထပ်သို့ဆင်းလိုက်သည်၊

"ဒီနေ့ မိဘမဲ့ဂေဟာ ကို သွားမှာလားသား.." လှေကားထိပ်သို့ရောက်လာသော နေလင်းမြတ်ကို ထမင်းစားပွဲတွင် ထိုင်နေသော မေမေက လှမ်းမေးလိုက်သည်။

"ဟုတ်တယ် အမေ... အရင်လ ကတောင် အလုပ်များလို့ မသွားနိုင်ဘူး.. ဒီနေ့တော့ နောက်ကျတဲ့ အထိနေလိုက်မယ်.. "

လတိုင်း နေလင်းမြတ် တစ်ယောက် မိဘမဲ့ကလေးကျောင်းမှာ လုပ်အားသွားပေးနေကျ ဖြစ်သည်။

"အေး.. အေး.. သတိထားပြီး ကားကိုမောင်း..."

"ကျွန်တော် မမောင်းဘူး အမေ.. ကျွန်တော့် အတွင်းရေးမှူးမောင်းမှာ. သူက သတင်းထောက်တစ်ယောက်ကို ကြိုလာမှာ... . ကျွန်တော် လုပ်အားပေးနေတာကို သတင်း ရေးမယ်တဲ့.. ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပါတီကို promotion ဆင်းတဲ့ သဘောပေါ့.." သူစိတ်ပျက်ပျက်ဖြင့်ပြောလိုက်သည်။ သူတကယ် ဒါမျိုးမလုပ်ချင်.. သူအကျိုးအမြတ်တစ်စုံတရာကို မျှော်ကိုးပြီး လုပ်အားပေး လုပ်ခဲ့ခြင်မဟုတ်..ကလေးတွေက သူနှင့် ကစားရင်း ပျော်ကြသည်။ သူကလည်း ကလေးတွေ၏ အယောင်ဆောင်ကင်းမဲ့သော အပြုံးများကြားပျော်ရသည်။ အားလုံးက ပစ်ပယ်ထားသော ကလေးများအား မျှော်လင့်ချက်လေး ပေးချင်သည်။ ဒါ့ကြောင့် သူ လုပ်အားပေး သွားခြင်းဖြစ်သည်။

ဒါကို ခုတုံး လုပ်ပြီး ကြော်ငြာတာကို သူလက်မခံချင်.. သို့သော် ပါတီ ဥက္ကဌ က အထူးအကူအညီတောင်းတာ ဖြစ်၍ သူငြင်းဖို့လည်း မဖြစ်နိုင်..

ထိုကြောင့် သူ လက်ခံလိုက်ရခြင်းဖြစ်သည်။ လုပ်အားပေးသွားမည့်နေ့တိုင်း ပျော်ရွှင်တက်ကြွနေကျသူက ဒီနေ့မှ လေးလံနေသည်။

သူ အိမ်ရှေ့ရောက်တော့ သူ့အတွင်းရေးမှူးက နောက်ခန်းတံခါးကို ဖွင့်ပေးသည်။ သူ တက်ထိုင်လိုက်ရင်း သူနှင့်အတူ သတင်းယူမည့် သတင်းထောက်ကို နှုတ်ဆက်ဖို့ ကြည့်လိုက်သည်။

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)Where stories live. Discover now