Part 1.1

68.2K 2K 24
                                    

Unicode

**နိုင်​ငံ​တော်​ရှိလျှင်​ လွတ်​လပ်​မှု ​မရှိ**

**လီနင်**​

​နေလင်​းမြတ်​ စာအုပ်​ဖတ်​​နေရာမှ ​ခေါင်းကို​မော့ ကြည့်လိုက်​​သောအခါ မှန်​အပြည့်တပ်​ထား​သော ပြတင်း​ပေါက်​မှ တဆင့် ပြာလဲ့လဲ့​ကောင်းကင်​ကို ​တွေ့ရ​လေသည်​။ ​ခေါင်း​မော့လိုက်​တာနဲ့ ထိုမြင်​ကွင်းမျိုးမြင်​ရ​အောင်​ သူဒီ​နေရာကို စာကြည့်တိုက်​မဖွင့်မီ လာတန်းစီပြီး​တောင်​ ဦးထားရတာဖြစ်​သည်​။ Cambridge University စာကြည်​့တိုက်​၏ အ​ပေါ်ဆုံး အထပ်​ဖြစ်​​သော ဤ ​နေရာမှ ကောင်းကင်​ကို မြင်​ရ​သော View သည်​ အလှဆုံးဖြစ်​သည်​။ တိမ်​သား တိမ်​လိပ်​တို့ ​ရွေ့လျား​နေ​သော ​ကောင်းကင်​ ကိုကြည့်ရင်း မျက်​​မှောင်​ကြုတ်​လိုက်​မိသည်​။ ဟိုး​ကောင်းကင်​ အစွန်းနားတွင်​ ညို့မှိုင်းလျက်​ရှိ​လေသည်​။

"အဲ့ဒီနားမှာများ မိုးရွာ​နေတာလား" သူတီးတိုး​ရေရွတ်​ရင်း မိုးရွာတာကို မုန်း​သောသူတစ်​​ယောက်​ကို သတိရမိ​လေသည်​။

"မိုးရွာရင်​ ကျွန်​​တော်​က စိတ်​မကြည်​ဘူး.... မိုးရွာရင်​ ကျွန်​​တော့် mood က သိသိသာသာကြီးကို Down သွားတာဗျ"

ဒီစကားများက သူတို့နှစ်​​ယောက်​ သိကျွမ်​းကာစက ထိုသူ​ပြောခဲ့ဖူး​သော စကားများဖြစ်​သည်​။ နှစ်​​တွေကြာခဲ့​ပေမယ့် ထိုသူ​ပြောခဲ့ဖူး​သော စကားလုံးတိုင်းကို အ​သေးစိတိ မှတ်​မိ​နေရခြင်​း အ​ကြောင်းအရင်းကို​တော့ ​နေလင်းမြတ်​ကိုယ်​တိုင်​လည်း နားမလည်​ပါ​ချေ။ ​မေ့ပစ်​လိုက်​ဖို့ အားသွန်​ခွန်​စိုက်​ကြိုးပမ်း​နေလို့များ ပိုပြီး သတိရ​နေတာလား.... ဒါမှမဟုတ်​ ​မေ့သွားမှာကိုများ သူ​ကြောက်​​နေမိတာလား.... ဒါကိုလဲ သဲသဲကွဲကွဲ သူမသိပါ​ချေ။

တောင်​ခနဲ မြည်​လာ​သော Facebook Noti Tone ​ကြောင့် phone ကိုကြည့်လိုက်​မိသည်​။ " You Have Memory To look Back on" ဆိုပဲ။ ဘာ Memory ဆိုတာလည်း သူသိပြီးသား.. ဒီ​နေ့ဘာ​နေ့လဲ ဆိုတာလည်း သူသိပြီးသား.... သို့ရာတွင်​ မထိန်းလိုက်​နိုင်​​သော မသိစိတ်​ကြောင့် Ph screen ကို လက်​ဖြင့် နှိပ်​လိုက်​​မိ၏။ ​ပေါ်လာတာက Comic တစ်​ခု... အဲ့ဒီ Comic ​ကြောင့်လွန်​ခဲ့​သော သုံးနှစ်​ခန့် ဒီ​နေ့လို အချိန်​က ​နေလင်းမြတ်​နှင့် ထိုသူတို့ ရင်းနှီးခဲ့ရသည်​။

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)Where stories live. Discover now