Part 6.1

8.3K 979 11
                                    


Unicode

"For every complex problem there is an answer that is clear, simple, and wrong"

"ရှုပ်ထွေးတဲ့ ပြဿ နာတိုင်းအတွက် ရိုးရှင်းပြီး သိသာထင်ရှားတဲ့ အဖြေတစ်ခုတော့ရှိတယ်။ ဒါပေမယ့် အဲဒီအဖြေဟာ မှားယွင်းနေတတ်တယ်"

-H. L. Mencken-

"ဒီနေ့ အစီအစဉ်တွေက ဘယ်လိုလဲ.." နေလင်းမြတ် ရုံးခန်းထဲ ရောက်ရောက်ချင်း သူ့အတွင်းရေးမှူးကောင်လေးကို လှမ်းမေးလိုက်သည်။

"ညနေမှာ EU chamber of commerce က လာတွေ့ဖို့ရှိတယ် ဆရာ.. အထွေအထူးတော့ မဟုတ်ပါဘူး.. ဒီမှာရှိတဲ့ EU လုပ်ငန်းတွေရဲ့ အခွန်ကိစ္စပါ..ခု မနက်ပိုင်းမှာတော ကြား ဖြတ် ရွေးကောက်ပွဲ ကိစ္စကို Interview ဖို့ BBC က သတင်းထောက် ရောက်နေပြီဆရာ.. " ပြောရင်း သူ့အတွင်းရေးမှူးက စာရွက်တစ်ထပ်သူ့ရှေ့ချပေးလိုက်သည်။ "ဒါက ဆရာ အကြမ်းရေးပေးထားတဲ့ Interview အမေးအဖြေကို ကျွန်တော် အချော စာရိုက်ထားတာ.."

"OK.. ကျေးဇူးပဲ.. ငါသူနဲ့ စကားပြောရင်း ပြန်စစ်လိုက်မယ်.. မင်းထွက်သွားရင် သူ့ကို ဝင်ခိုင်းလိုက်ပါ.."

သူဆက်တီပေါ်ထိုင်ရင်း အတွင်းရေးမှုးပေးထားသော အမေးအဖြေများကို စစ်နေမိသည်။

"ဝင်ခဲ့ပါ.." တံခါးခေါက်သံကို မော့တောင်မကြည့်ဘဲ သူဖြေလိုက်သည်။ ခြေသံတစ်ခု သူထိုင်နေတဲ့ နားသို့လျှောက်လာသည်ကို ကြားရသော်လည်း သူစာကို သာ ဆက်ဖတ်နေမိသည်။

"မင်္ဂလာပါ.. ကိုနေလင်းမြတ်.."

ရင်းနှီး လွန်းနေသော အသံက သူ့နားထဲ ပဲ့တင်ဟီးထပ်သွားတော့ သူရင်တွေ တလှပ်လှပ်တုန်လာသည်။ သူ့မြင်ကွင်းထဲ ပထမဆုံးဝင်လာတာက ဖြူဖွေးနေသော ခြေခုံလေးနှင့် ထိုခြေခုံလေးကို သိုင်းတွယ်ထားသော နီညိုရောင် ကတ္တီပါ ဖိနပ်တစ်စုံ... ပြီးတော့ အစိမ်းရင့်ရောင် ပုဆိုးလေး နှင့် လိုက်ဖက်စွာ ဝတ်ဆင်ထားသော အဖြူရောင် လည်ကတုံး အကျႌလေး..

ပြီးတော့.. သူ့ရဲ့ မင်းခန့်ထည်..

"ကျွန်တေ့်ကို မြင်ရတာ အဲလောက်တောင် အံ့ဩ စရာကောင်းလားဟင်.. " မင်းခန့်ထည်က ရယ်ပြီးပြောတော့မှ သူသတိပြန်ဝင်လာသည်။

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)Where stories live. Discover now