Part 5.1

9.2K 968 38
                                    

Unicode

"Your pretty empire took so long to build, now, with a snap of some peoples' fingers, down it goes"

"မင်း အချိန်တွေ အများကြီးယူပြီး လှပအောင် တည်ဆောက်ထားရတဲ့ နိုင်ငံတစ်ခုဟာ ခုတော့ လူတစ်ချို့ရဲ့ လက်ညှိုးတွေကြောင့် ပျက်စီးဆုံးရှုံးရပြီ.."

-Alan Moore-

"Sun... သူက leo တဲ့.... " Arina ၏ မိတ်ဆက်စကားကို သူသေချာမကြား.. သူကြည့်နေမိသည်က ထို Leo ဆိုသော အီတလီသား လက်မောင်းကို ဆွဲထားသော ကောင်လေး...

"သူက Min တဲ့.. Sun.." Arina က သူ့အကြည့်ကိုတွေ့တော့ လှမ်းပြောလိုက်သည်။ "Leo .. Min လည်း မြန်မာနိုင်ငံကပဲ... ဟုတ်တယ်မဟုတ်လား.,. You တို့နာမည်တွေက ခေါ်ရခက်တယ်ကွယ်." Arina က ရယ်သံတဝက်ဖြင့်ပြောလိုက်သည်။

"မင်းခန့်ထည်ပါ..." ထိုကောင်လေးက လက်ဆွဲနှုတ်ဆက်ဖို့ ညာဘက်လက်ကို ဆန့်ထုတ်ပေးလိုက်သည်။

သူမင်းခန့်ထည်၏ သွယ်လျသော လက်ချောင်းလေးများကို ကြည့်ရင်း ရင်တဒိတ်ဒိတ်ခုန်လာသည်။

သူမေ့ပစ်ဖို့ကြိုးစားခဲ့တဲ့သူက သူ့ရှေ့တည့်တည့်ကို ဒီလိုပဲ တကယ်ပဲ ရောက်လာတယ်တဲ့လား...

သူဒီလက်ချောင်းလေးတွေကို ဆွဲကိုင်ခွင့်ရတယ်တဲ့လား...

မသိမသာတုန်ယင်နေသော သူ့ညာဘက်လက်ဖြင့် ထိုလက်ချောင်းလေးများအား ဆွဲကိုင်လိုက်သည်။

အရင်လိုပါပဲ....

အရင်လို နူးညံ့တုန်း..

အရင်လို သွယ်လျတုန်း... .

အရင်လို သူ့ကို ရင်ခုန်စေတုန်းပါပဲ.....

"ကျွန်တော်က BBC မြန်မာပိုင်းအစီအစဉ်က သတင်းထောက်ပါ.... " မင်းခန့်ထည်က သူ့ကိုယ်သူ မိတ်ဆက်တော့ နေလင်းမြတ် အနည်းငယ် အံ့ဩသွားသည်။ ပြီးတော့ နာကျင်မိသည်။ ယနေ့ထိ မမေ့နိုင်သေးသော စကားလုံးများ သူ့နားထဲအသစ်တစ်ဖန် ပြန်လည်ဝင်ရေက်လာသည်။

"ကျွန်တော်က သတင်းထောက်လုပ်မယ်... အစ်ကို့ရဲ့ လွှတ်တော်မှာ လုပ်တဲ့ အလုပ်တွေကို ထောက်ပံ့ပေးဖို့..."

သူလည်း လွှတ်တော် အမတ်တစ်ယောက်ဖြစ်လာခဲ့သည်....

မင်းခန့်ထည်လည်း သတင်းထောက်တစ်ယောက်ဖြစ်လာခဲ့သည်ပဲ...

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)Where stories live. Discover now