Part 3.1

9.9K 1.1K 18
                                    

Unicode

​"It is better to love wisely, no doubt: but to love foolishly is better than not to be able to love at all."

— William Makepeace Thackeray—

"ခန့်ထည် ရော..."ထမင်းချိုင့်ကို ဖွင့်နေသော ငြိမ်းချမ်းကို နေလင်းမြတ်လှမ်းမေးလိုက်သည်။

"ခန့်ထည်က ဘယ်သူလဲ..."

"ငါ့လာစနေတာလား.." နေလင်းမြတ် က အမှတ်ခြစ်လက်စ စာရွက်များကိုစီရင်း မော့ကြည့်မေး လိုက်တော့ ငြိမ်းချမ်းက စပ်ဖြဲဖြဲ ကြည့်နေသည်။

"စာသင်ကျောင်းမှာ ရှိသမျှလူအားလုံးက မင်းခန့်ပဲ ခေါ်တာ.... မင်းကျမှ ထူးပြီး ခန့်ထည်တဲ့..." ငြိမ်းချမ်းက ပွစိပွစိလုပ်ရင်း ချိုင့်ကို ဆက်ဖွင့်နေသည်။

"ခုတလော ခေတ်စားနေသလို ပြောကြည့်ရမလား.." နေလင်းမြတ် ရယ်ရင်းပြောသည်။ " ဒါဒီမိုကရေစီနိုင်ငံကွ... ဟေ့ကောင်.. ငါခေါ်ချင်သလိုခေါ်မယ်... ဆင်ဆာလာမလုပ်နဲ့.. ဆန္ဒပြလိုက်ရ"

" ငပိန်း အတွေးအခေါ်တွေ.." ငြိမ်းချမ်းက သက်ပြင်းချရင်းပြောသည်။ "လွတ်လပ်စွာ ပြောဆိုခွင့်ဟာ သောက်တလွဲပြောခွင့်.. သူများ ကိုယ်ရေးကိုယ်တာ ထိပါးပိုင်ခွင့် မဟုတ်ဘူးဆိုတာ သူတို့ဘယ်တော့ နားလည်မှာပါလိမ့်"

ထိုအချိန် ကျောင်းဝင်းထဲသို့ ဝင်လာသော ကားသံကြောင့် စကားစပြတ်သွားသည်။ အရှိန်ဖြင့် ဝင်းထဲသို့ ဝင်လာသော ပြိုင်ကား အနီလေးသည် အသည်းယားဖွယ်ကောင်းအောင် ပန်းပင်များဘေးမှ ကပ်ကွေ့လိုက်ပြီး ခြံဝင်း အုတ်နံရံနှင့် ကပ်ကပ်လေး Parking ထိုးလိုက်သည်။

Driver Seat မှ အပြေးလေးဆင်းလာသူက ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်... အရပ်အတော်လေးမြင့်ပြီး လှစ်ခနဲတွေ့လိုက်ရသော ခဏမှာပင် သတိမထားပဲမနေနိုင်အောင် ထင်း နေသော မေးရိုးနှင့်.... ကောင်လေးက တစ်ဖက် သို့ရောက်လာပြီး ကားတံခါးကိုဖွင့်ပေးလိုက်တော့ ဆင်းလာတာက မင်းခန့်ထည်... မင်းခန့်ထည်ကတော့ လက်ထဲမှာ အထုပ်ပေါင်း သောင်းခြောက်ထောင်နှင့် ထုံးစံအတိုင်း ကို့ရို့ကားယား ဖြစ်နေသည်။

ထိုကောင်လေးနှင့် မင်းခန့်ထည်တို့ ဘာတွေ ရပ်ပြောနေကြမှန်းတော့ မကြားရသော်လည်း ထိုကောင်လေးက မင်းခန့်ထည် ဆံပင်ကို ဖွလိုက်တာ.. ပါးကို လိမ်ဆွဲလိုက်တာ... မင်းခန့်ထည်က နှုတ်ခမ်းကိုစူကာ ထိုကောင်လေးကို ခြေထောက်နှင့် လှမ်းကန်လိုက်ပုံ များကိုတော့ နေလင်းမြတ် ပီပီပြင်ပြင်မြငိနေရလေသည်။

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)Where stories live. Discover now