♡ Part 1 ♡

10.5K 550 10
                                    

မိုးထိ​အောင်​မြင့်​​နေ​သော အ​ဆောက်​အဦးများ​ပေါ်တွင်​ ဖြတ်​​ပြေး​နေ​သည့် မီးရောင်စုံများက seoul ၏ ညအလှကို ပိုမိုအသက်ဝင်အောင် ဖြည့်ဆည်းပေးနေသယောင် ... Korea နိုင်ငံရဲ့ပြယုဂ် သဖွယ်ဖြစ်နေသည့်နာမည်ကျော် ဟန်မြစ်ဘေးတွင်တော့ ညလေအေးများတိုက်ခတ်လျက်ရှိသည် ညသန်းခေါင်ကျော်ဖြစ်နေတာကြောင့် ပတ်ဝန်းကျင်တွင်တိတ်ဆိတ်မှုကကြီးစိုးနေ
သည် ထိုအချိန် ဟန်မြစ်ဘေးကလမ်းတွင် အရှိန်မြင့်ပြီးမောင်းနှင်လာတဲ့ ကားနှစ်စီးကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်
အဝေးကြည့်လိုက်ရင် ပြိုင်မောင်းလာသလိုထင်ရပေမယ့် သေချာကြည့်လိုက်တော့ အနက်တစ်စီးကရှေ့ကပြေးနေပြီး အဖြူတစ်စီးကနောက်ကလိုက်နေခြင်းဖြစ်
သည် ကားမောင်းပုံတွေကတော့ နှစ်ယောက်လုံးpro အဆင့်တွေမှန်းမြင်ရုံနှင့်သိသာသည်
ခဏကြာတော့ အဖြူကားက ကျော်တက်လိုက်ပြီးအနက်ကားရှေ့မှာပိတ်ရပ်
လိုက်တယ်နှစ်ကားလုံးစက်မသတ်သေးပဲအခြေအနေကိုကြည့်နေကြတယ် 10 min လောက်ကြာတော့အဖြူကားထဲကလူငယ်
တစ်ယောက်ထွက်လာတယ် အသားညိုညို မေးရိုးထင်းထင်း အရပ်မြင့်မြင့် မျက်နှာကချောလွန်းတာမျိုးမဟုတ်ပဲ
ယောင်္ကျားပီသပြီးမိန်းကလေးတိုင်းလိုချင်သောစံပုံစံပင် ခန္တာကိုယ်ကလည်းmusle တွေအရမ်းတောင့်နေတာမဟုတ်ပဲ သူ့ဟာနဲ့သူ လိုက်ဖက်စွာကြည့်ကောင်းနေသည်
ထိုလူငယ်က ပီကေတဖျောက်ဖျောက်ဝါးနေပြီး အနက်ကားထဲကလူကိုထွက်လာဖို့ လက်ညိုးကိုကွေးပြီးခေါ်လိုက်တယ် အနက်ကားထဲက လူကတော့ သူနဲ့ကွဲပြားစွာပင်...... သူကအေးဆေးတည်ငြိမ်နေသလောက် ဟိုတစ်ယောက်ကတော့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အထင်းသားမြင်နေရသည်

man ; မင်း မင်းဘာလို့ငါ့ကိုလိုက်နှောင့်ယှက်နေတာလဲ ငါ့ကိုလွှတ်ပေးပါကွာ

ထိုသူ၏ အပြောတွင် ကြောက်ရွံ့သံပါနေတာသိလိုက်တော့
သူသဘောကျစွာ တစ်ချက်ပြုံးလိုက်သည် ဒီလိုပဲဖြစ်နေရမယ် သူ့ကိုလူတိုင်းကြောက်ရွံ့နေရမယ် သူလိုချင်တာဒါပဲ သူတို့ရဲ့ ကြောက်ရွံ့စွာတောင်းပန်သံတွေက သူ့နားထဲမှာတော့အလွန်ချိုမြိန်နေသယောင်...

Prominent of Love [Completed]Where stories live. Discover now