Chapter 20

928 100 61
                                    

တေးတို့၏ အိမ်ထဲ၌ မနက်ခင်းတွင်ပင် တေး၏ အသံကျယ်ကျယ်စူးစူးကို ကြားနေရသည်။

"ဟင့်အင်း၊ ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူး၊ အိမ်ကနေ ဘယ်မှ မသွားဘူး၊ ဘာလို့ ဒယ်ဒီ ကျွန်တော့်ကို အိမ်ကနေ မောင်းမောင်းထုတ်တာလဲ၊ မသွားဘူး၊ ကျောင်းလည်း သွားမတက်ဘူး"

ရဲနောင် တေးအား ငြိမ်သက်စွာ ထိုင်ကြည့်နေသည်။ သူ ဒီကလေးတွေကို အိမ်ထောင်စောစော မကျဖို့အတွက်တောင် အခုလောက်ထိ ချုပ်ချယ်ထားခဲ့သည်ပင်။ အခုတော့ ယောက္ခထီးက သူ့အား အတင်းအကျပ် ဖိအားပေးလာခဲ့သည်။

ဒယ်ဒီ့ဘေး၌ ထိုင်နေသည့် လေး၏မျက်နှာကလည်း ပျက်ယွင်းနေခဲ့သည်။

"ကိုကိုက ခုမှ ငယ်ငယ်လေး ရှိသေးတာကို၊ ဖိုးဖိုးကို ဒယ်ဒီ ပြောလိုက်လို့ မရဘူးလား"

ဖိုးဖိုးကို ဒယ်ဒီ မလွန်ဆန်နိုင်မှန်း လေး အသိဆုံးပင်။ သို့သော်လည်း ကိုကိုက 18 တောင် မပြည့်သေးတာကို အခုလို သူများဆီ ပေးလိုက်ဖို့ကျ သူလည်း လက်မခံချင်။

တေး ထရပ်သည်။

"ဖိုးဖိုးကို ကျွန်တော် သွားပြောမယ်"

ခြံထဲက ပြေးထွက်သွားသည့် တေးကို ရဲနောင် စိတ်မသက်သာစွာ ကြည့်လိုက်သည်။ နွယ်ကတော့ တရှုံ့ရှုံ့ငိုလျက်ရှိသည်။ သူ ဒယ်ဒီ့ကို တစ်ညလုံး အတိုက်အခံ လုပ်ပြောနေသော်လည်း ဒယ်ဒီက သူ့သမီးစကားကိုပင် အရာမသွင်းတာမို့ နောင့်စကားက ပိုလို့ပင် အရာမမြောက်ခဲ့ပေ။

"ကိုကိုက ဘယ်သူနဲ့ ယူရမှာလဲ"

ယောက်ျားလေးနဲ့ဆိုတာသာ သူ ကြားလိုက်သည်။ ဖိုးဖိုးက သူတို့အား အလွန်ချစ်သူမို့ သူတို့ လိင်စိတ်တိမ်းညွှတ်မှုကို အိမ်က သိကြကတည်းက ဒယ်ဒီတို့တောင် လက်မခံချင်သော်လည်း ဖိုးဖိုးကတော့ သူတို့နှစ်ယောက်ကို အချစ်မလျော့။ အရင်ကတည်းက သူ့မြေးလေး‌တွေအတွက် ယောက်ျားကောင်းကောင်း ရှာပေးမှာပေါ့ဟု အမြဲကာကွယ်လက်ခံပေးခဲ့သူပင်။

"ဒယ်ဒီ မသိဘူး၊ သားအဖိုးက ပြောမပြဘူး၊ သန်ဘက်ခါဆို သားအစ်ကိုကို လာခေါ်မယ်ပြောတယ်။ ပွဲမလုပ်ဘူးတဲ့၊ လူကြီးတွေရှေ့ လက်ထပ်စာချုပ်မှာပဲ လက်မှတ်ထိုးပြီး လာခေါ်သွားမှာ"

You're Only MineWhere stories live. Discover now