Chapter 10

896 65 29
                                    

မီးရောင်ခပ်မှိန်မှိန် ထွန်းထားသော အခန်းလေးထဲ၌ မွှေးပျံ့ပျံ့သင်းရနံ့က စိတ်ကြည်လင်စရာကောင်းအောင် ပျံ့လွင့်နေသည်။

ကုတင်ထက်၌ ပိုးသားဝတ်ရုံအဖြူရောင် ညအိပ်ဝတ်စုံလေးဝတ်ဆင်ပြီး အိပ်ရာထက်၌ ချစ်သောအမျိုးသားကို စောင့်နေသည့် အမျိုးသမီးတစ်ဦးရှိသည်။

"အိပ်တော့လေ နွယ်၊ ကိုယ် ပင်ပန်းနေပြီ၊ အိပ်တော့မယ်၊ ကိုယ် အခုတလော အလုပ်တွေ တအားပိနေလို့ သားနှစ်‌ယောက်ကိုတောင် လုံးဝ အချိန်မပေးနိုင်သလောက်ဖြစ်နေပြီ၊ သားတွေကို ပိုဂရုစိုက်ပေးဦး"

"သားနှစ်‌ယောက်အတွက် စိတ်ချပါ၊ သားတွေကလည်း နောင် အလုပ်များနေတာကို နားလည်ကြပါတယ်"

"အင်း၊ လေးကို သေချာဂရုစိုက်ဦး၊ တေးက အခုတလော လေးကို ဂရုမစိုက်ဘဲ လမ်းများလွန်းနေသလားလို့၊ လေးကို ကိုယ် စိတ်ပူလို့"

သားနှစ်ယောက်လုံးအပေါ် ညီတူမျှတူချစ်ခြင်းမျိုးနဲ့သာ ရဲနောင် ချစ်မြတ်နိုးရပါသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် တေးထက် လေးကိုတော့ သူ စိတ်မချတတ်ပေ။ အထူးသဖြင့် နက္ခတ်ကို ဟိုးတလောက လေးနားမှာ တွေ့မိခဲ့ရသည်မို့ သူ ပိုလို့ စိတ်မအေးဖြစ်သွားရခြင်းဖြစ်သည်။

"အင်း၊ နွယ် ငယ်လေးကို ပိုဂရုစိုက်လိုက်ပါ့မယ်"

သူ့အား ကျောခိုင်းသွားကာ အိပ်သွားပြီဖြစ်သည့် အမျိုးသားကို သီရိနွယ် ဝမ်းနည်းစွာ ငေးကြည့်လိုက်ရင်း ဒီညလည်း ရဲနောင်၏ခါးကိုသာ သိုင်းဖက်ထားလိုက်ကာ ခပ်တိုးတိုးဆိုလိုက်သည်။

"နွယ့်ကို အခုထိ မချစ်နိုင်သေးဘူးလား နောင်ရယ်"

ကုတင်ထက်၌ လှုပ်ရှားမှုအလျဉ်းမရှိ။ အခန်းထဲ၌လည်း အပ်ကျသံတောင် ကြားရခြင်းမရှိ။ အဖြေပြန်မရသည့် အမေးကို နွယ် မေးခဲ့မိတာ သားလေးတွေ တစ်သက်ပင် ရှိခဲ့ပါပြီလေ။ သားလေးတွေရှေ့၌ တစ်ဦးပေါ်တစ်ဦး အလွန်ချစ်ကြသည့် မိဘတွေအဖြစ် နောင်က ရှိပေးခဲ့သော်လည်း အထီးကျန်မှုတွေနဲ့သာ အသားကျခဲ့ရသည့် နွယ့်အဖြစ်က နောင့်ရဲ့ အပြစ်ပေးခြင်းများလားပင်။ တစ်ချိန်က နောင့်ကို ဓနအားကိုးနဲ့ အတင်းအကြပ်ရယူခဲ့မိတာကို နွယ် တကယ် နောင်တရမိပါသည်။

You're Only Mineحيث تعيش القصص. اكتشف الآن