Chapter 4

1.1K 70 37
                                    

The One Entertainment ၏ ဒုတိယမြောက်ဇာတ်ကားဖြစ်လာမည့် ဇာတ်ညွှန်းဖတ်ပွဲနေ့။ ဇာတ်ညွှန်းဖတ်ရာ Entertainment ၏ အပေါ်ဆုံးထပ်ရှိ အခန်းကျယ်ထဲ၌ ပါဝင်မည့် သရုပ်ဆောင်တွေ အားလုံးနီးပါး ရောက်ရှိနေပြီဖြစ်သည်။ 

တွယ်ငြိရာဟု အမည်ရသည့် ထိုဇာတ်ကားက ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးမည်ဖြစ်ကာ ဒယ်ဒီနဲ့ သူ၏မွေးစားသားလေးတို့ကြားက ချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပင်။

ဇာတ်ညွှန်းဖတ်ပွဲဆိုသည့် ဒီလိုနေ့မျိုးကို နောက်ဆုံးတော့ တေးညှို့ရှင် ကြုံတွေ့ခွင့်ရခဲ့ပြီဖြစ်သည်။ သူ အမြဲ စိတ်ကူးနဲ့ ရူးခဲ့ရသည့် မင်းသားဘဝကို စတင် ခြေချခွင့် ရချိန်၌ သူ အခုချိန်ထိ အိပ်မက်မက်နေသည့်အလား အထင်ရှိဆဲ ဖြစ်သည်။

တေး သူ့ရှေ့က ဇာတ်ညွှန်းစာအုပ်ကို ဖတ်နေရင်း သူနဲ့ တွဲဖက် သရုပ်ဆောင်ရမည့် ခေါင်းဆောင်မင်းသားကို စောင့်နေ၏။ ရောက်ရှိနေသည့် သရုပ်ဆောင်များထဲ၌ သူ့လိုသရုပ်ဆောင်သစ်များလည်း ပါဝင်သလို အနုပညာနယ်ပယ်ထဲ၌ ကျင်လည်နေခဲ့ပြီးသား နာမည်အ‌တော်အသင့်ရနေသည့် သရုပ်ဆောင်များလည်း ပါဝင်သည်။ ထို့အတွက် တချို့အနုပညာရှင်များကို တေး မျက်မှန်းတန်းမိနေ၏။

သူ ဒါရိုက်တာကိုဇေယျာ့ကို ‌သူနဲ့တွဲဖက်သရုပ်ဆောင်မည့် မင်းသားအကြောင်း အနည်းငယ်လောက် ပြောပြလို့ရမလား မေးထားဖူးသော်ငြား ကိုဇေယျာက ထိုဇာတ်ကောင်နေရာအတွက် လူသေချာမရသေးသလို၊ ပြောပြခွင့် မရှိသေးသလိုလို ဆိုလာတာမို့ တေး ထပ်မမေးမိတော့ပေ။ တွဲဖက်မင်းသားက အသစ်ထဲကတော့ မဟုတ်ဟု ကိုဇေယျာ အရိပ်အမြွက်ပြောဖူးတာမို့ သူ စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။

သူ့တွဲဖက်က အသစ်မဟုတ်လျှင် ပိုသဘောကျပါ၏။ သို့မှသာ ထိုလူ့ဆီက ပညာတွေ သူ ပိုလို့သင်ယူခွင့်ရနိုင်မည်ပင်။

ဇာတ်ညွှန်း၏ အပိုင်းတစ်ကို တေး ဖတ်ကြည့်နေသည်။ ဇာတ်လမ်းထဲ၌ သူက ထောင်ထွက်လေးတစ်ယောက်အဖြစ် သရုပ်‌ဆောင်ရမှာ ဖြစ်ပြီး မိတဆိုးလေးဖြစ်နေသည့် သူက ထောင်ကထွက်ထွက်ချင်း သူ့အား မွေးစားမည့် မွေးစားအဖေ၏ အိမ်မှာ သွားနေရတော့မှာဖြစ်သည်။ ထိုမွေးစားအဖေနဲ့ သူ၏ စတင်တွေ့ဆုံမှုက ကမောက်ကမ ဖြစ်ရသည့်အပြင် ထိုလူကလည်း သူ့‌မွေးစားသားလေးအား နာကျည်းမှုတစ်ခုကြောင့် ကြည့်မရပေ။ မွေးစားသားလေး၏ ထိုလူ့အား ဒယ်ဒီဟု ခေါ်ရမည့်အစား လျှာပဲကိုက်သေလိုက်မယ်ဟု ကြိမ်းဝါးနေသည့် ဇာတ်ညွှန်းကို ဖတ်နေရင်း တေး ပြုံးစိစိ ဖြစ်နေမိသည်။

You're Only MineWhere stories live. Discover now