Prologue

6.1K 99 49
                                    

လွန်လေပြီးသောကာလတစ်ခု၌ ခွဲမရလောက်အောင် အလွန်ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက် ရှိလေသတဲ့။ တစ်ယောက်က King ဘွဲ့ကိုရခဲ့သည့်အထိ ချောမောခန့်ငြားလှပါသော ဇေးနက္ခတ်ပိုင်။ နောက်တစ်ယောက်ကလည်း ဇေးနီးနီး ချောမောသော ရုပ်ရည်သွင်ပြင်ရှိသူမို့ သူ့မေဂျာ၌ King ဘွဲ့ရခဲ့သူပဲဖြစ်သည့် ရဲနောင်။

သူတို့ကြား၌ ဖြစ်သွားခဲ့သော ရန်ငြိုးတစ်ခုအပြီး၌ ခွဲမရအောင် ပူးကပ်နေခဲ့သည့် သူငယ်ချင်းနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လို့မရအောင်အထိ ဖြစ်သွားခဲ့သည်မှာ နှစ်ဆယ်စွန်းစအရွယ်‌‌တွေမှသည် သုံးဆယ့်ခုနစ်နှစ်အရွယ်ရောက်လာကြသည့်အထိပင်။

37 နှစ်အရွယ်၌ မတူညီသည့် နယ်ပယ်တွေတွင် အသီးသီး အောင်မြင်မှုရရှိနေကြတဲ့ သူတို့နှစ်ယောက်ထဲ၌ ဇေးနက္ခတ်ပိုင်က လျှမ်းလျှမ်းတောက် အောင်မြင်နေသော အနုပညာရှင်တစ်ယောက်ဖြစ်သည်။ ရဲနောင်ကမူ သူ့မိသားစုနှင့် အခြေတကျ ဖြစ်နေပြီဖြစ်ကာ ကျောင်းပြီးကတည်းက အိမ်ထောင်ကျသွားသည့် သူ့ထံ၌ လှပလွန်းသော ဇနီးလေးနှင့် အလွန်ချစ်ဖို့ကောင်းသော 17 နှစ်အရွယ် တေးညှို့ရှင်နှင့်‌ လေးညှို့သွင် ဟူသည့် အမွှာလေးနှစ်ယောက်ပင် ရှိနေပြီဖြစ်သည်။

ထိုအမွှာလေးတွေထဲက အကြီးဖြစ်သည့် တေး၏ အနာဂတ်ရည်မှန်းချက်က မင်းသားတစ်ယောက်ဖြစ်ချင်ခဲ့တာ ဖြစ်၏။ အငယ်ဖြစ်သည့် လေးကတော့ အနုပညာအလုပ်တွေ စိတ်မဝင်စားသော်ငြား သူ ငယ်ငယ်ကတည်းက ဖန်သားပြင်ထက်ကနေ အဖေ မသိအောင် ခိုးအားပေးခဲ့ရသည့် ဇေးနဲ့ အပြင်မှာပါ ဆုံတွေ့ခွင့်ရချင်ခဲ့တာဖြစ်သည်။ ထို့အတွက် တစ်နေ့သ၌ သူ့အဖေ မသိအောင်လို့ မင်းသားရူးရူးနေသည့် သူ့အမွှာအစ်ကိုအား အနုပညာလမ်းကြောင်းပေါ်ရောက်အောင် အစွမ်းကုန် ကူညီပေးလိုက်မိတော့၏။

သို့သော်ငြား သူ့အမွှာအစ်ကိုဖြစ်သည့် တေးက သူနှင့် လုံးဝကို ဆန့်ကျင်ဖက်ဖြစ်စွာ ထိုနာမည်ကျော်မင်းသား ဇေးနက္ခတ်ပိုင်အား တစ်စက်လေးမှ ကြည့်လို့မရအောင် ဖြစ်နေလေသည်။ ။

--------------

Hello to all my dear readers 🤍

ဒါက Age gap ကွာတဲ့ နောက်ထပ်တစ်ပုဒ်ပါ။ Age gap ကွာတာမျိုး ရေးရတာ သ‌ဘောကျလို့ 2022 တုန်းက နှောင်ကြိုးဖြင့်တွယ်ငြိရာ ၊ 2023 က Make You Mine ၊ အခု 2024 မှာလည်း တစ်ပုဒ်လောက် ထပ်ရေးချင်လာမိလို့ အစပျိုးလိုက်ပါပြီ။ ဒီတစ်ပုဒ်က ရှေ့နှစ်ပုဒ်ထပ် Age gap ပိုဟပါတယ် 🤫

________________________

[Zawgyi]

လြန္ေလၿပီးေသာကာလတစ္ခု၌ ခြဲမရေလာက္ေအာင္ အလြန္ခင္မင္ရင္းႏွီးခဲ့ၾကတဲ့ သူငယ္ခ်င္းေကာင္ေလးႏွစ္ေယာက္ ရွိေလသတဲ့။ တစ္ေယာက္က King ဘြဲ႕ကိုရခဲ့သည့္အထိ ေခ်ာေမာခန႔္ျငားလွပါေသာ ေဇးနကၡတ္ပိုင္။ ေနာက္တစ္ေယာက္ကလည္း ေဇးနီးနီး ေခ်ာေမာေသာ ႐ုပ္ရည္သြင္ျပင္ရွိသူမို႔ သူ႕ေမဂ်ာ၌ King ဘြဲ႕ရခဲ့သူပဲျဖစ္သည့္ ရဲေနာင္။

သူတို႔ၾကား၌ ျဖစ္သြားခဲ့ေသာ ရန္ၿငိဳးတစ္ခုအၿပီး၌ ခြဲမရေအာင္ ပူးကပ္ေနခဲ့သည့္ သူငယ္ခ်င္းႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လို႔မရေအာင္အထိ ျဖစ္သြားခဲ့သည္မွာ ႏွစ္ဆယ္စြန္းစအ႐ြယ္‌‌ေတြမွသည္ သုံးဆယ့္ခုနစ္ႏွစ္အ႐ြယ္ေရာက္လာၾကသည့္အထိပင္။

37 ႏွစ္အ႐ြယ္၌ မတူညီသည့္ နယ္ပယ္ေတြတြင္ အသီးသီး ေအာင္ျမင္မႈရရွိေနၾကတဲ့ သူတို႔ႏွစ္ေယာက္ထဲ၌ ေဇးနကၡတ္ပိုင္က လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေနေသာ အႏုပညာရွင္တစ္ေယာက္ျဖစ္သည္။ ရဲေနာင္ကမူ သူ႕မိသားစုႏွင့္ အေျခတက် ျဖစ္ေနၿပီျဖစ္ကာ ေက်ာင္းၿပီးကတည္းက အိမ္ေထာင္က်သြားသည့္ သူ႕ထံ၌ လွပလြန္းေသာ ဇနီးေလးႏွင့္ အလြန္ခ်စ္ဖို႔ေကာင္းေသာ 17 ႏွစ္အ႐ြယ္ ေတးညွို႔ရွင္ႏွင္ ေလးညွို႔သြင္ ဟူသည့္ အမႊာေကာင္ေလးႏွစ္ေယာက္ပင္ ရွိေနၿပီျဖစ္သည္။

ထိုအမႊာေလးေတြထဲက အႀကီးျဖစ္သည့္ ေတး၏ အနာဂတ္ရည္မွန္းခ်က္က မင္းသားတစ္ေယာက္ျဖစ္ခ်င္ခဲ့တာ ျဖစ္၏။ အငယ္ျဖစ္သည့္ ေလးကေတာ့ အႏုပညာအလုပ္ေတြ စိတ္မဝင္စားေသာ္ျငား သူ ငယ္ငယ္ကတည္းက ဖန္သားျပင္ထက္ကေန အေဖ မသိေအာင္ ခိုးအားေပးခဲ့ရသည့္ ေဇးနဲ႕ အျပင္မွာပါ ဆုံေတြ႕ခြင့္ရခ်င္ခဲ့တာျဖစ္သည္။ ထို႔အတြက္ တစ္ေန႕သ၌ သူ႕အေဖ မသိေအာင္လို႔ မင္းသား႐ူး႐ူးေနသည့္ သူ႕အမႊာအစ္ကိုအား အႏုပညာလမ္းေၾကာင္းေပၚေရာက္ေအာင္ အစြမ္းကုန္ ကူညီေပးလိုက္မိေတာ့၏။

သို႔ေသာ္ျငား သူ႕အမႊာအစ္ကိုျဖစ္သည့္ ေတးက သူႏွင့္ လုံးဝကို ဆန႔္က်င္ဖက္ျဖစ္စြာ ထိုနာမည္ေက်ာ္မင္းသား ေဇးနကၡတ္ပိုင္အား တစ္စက္ေလးမွ ၾကည့္လို႔မရေအာင္ ျဖစ္ေနေလသည္။ ။

--------------

Hello to all my dear readers 🤍

ဒါက Age gap ကြာတဲ့ ေနာက္ထပ္တစ္ပုဒ္ပါ။ Age gap ကြာတာမ်ိဳး ေရးရတာ သ‌ေဘာက်လိဳ႕ 2022 တုန္းက ေႏွာင္ႀကိဳးျဖင့္တြယ္ၿငိရာ ၊ 2023 က Make You Mine ၊ အခု 2024 မွာလည္း တစ္ပုဒ္ေလာက္ ထပ္ေရးခ်င္လာမိလို႔ အစပ်ိဳးလိုက္ပါၿပီ။ ဒီတစ္ပုဒ္က ေရွ႕ႏွစ္ပုဒ္ထပ္ Age gap ပိုဟပါတယ္ 🤫

________________________

You're Only MineWhere stories live. Discover now