Chapter 2

1.3K 78 34
                                    

အနံ့နဲ့တင် ဆွဲဆောင်နေသည့် မွှေးပျံ့သော ညစာများကို ချက်ပြုတ်ပြင်ဆင်နေသော မာမီ့နားသို့ လေးညှို့သွင် ခေါင်းရေသုတ်လက်စဖြင့် ရောက်လာသည်။

"မာမီ ကျွန်တော် ဗိုက်ဆာနေပြီ၊ စားလို့ရတော့မှာလား"

ဒေါ်သီရိနွယ် ချစ်စရာကောင်ငယ်လေး၏ ပါးကို လိမ်ဆွဲလိုက်ရင်း-

"ရတော့မယ်၊ ခေါင်းကို ခြောက်အောင် သေချာသုတ်၊ ကိုကို့ကိုလည်း သွားခေါ်လိုက်ဦး"

"ဟုတ်" ဟု ဆိုပြီးသည်နှင့် လေး အပေါ်ထပ်သို့ တက်လာခဲ့သည်။ ကိုကို့အခန်းတံခါးကို မတိုးမကျယ် ခေါက်လိုက်သည်။ နေ့လယ်က ဒယ်ဒီကိုယ်တိုင် ပန်းချီသင်တန်းလိုက်လာတာမို့ မတက်ချင်တက်ချင် တက်လိုက်ရသည့် ကိုကိုက ရောက်ကတည်းက အခန်းထဲ တန်းဝင်သွားပြီး ထွက်မလာတော့ပေ။

"ကိုကို တစ်ခါထဲ ထမင်းစားကြရအောင်၊ ကိုကို"

လေး အခန်းတံခါးကိုလည်း လှည့်ဖွင့်ကြည့်မိသည်။ အထဲက လော့ချထားတာမို့ လေး အသံကိုမြှင့်ပြီး ထပ်ခေါ်ကြည့်သော်လည်း ကိုကိုက ဘာသံမှ ပြန်မပေးတာမို့ ခေါင်းကိုသာ ဖိသုတ်နေမိတော့သည်။

"ကိုကို"

"အဲ့ဟာလေး အထဲမှာရော ရှိရဲ့လား"

ဒယ်ဒီ သူ့နောက်မှာ ရောက်လာတာမို့ လေး ခေါင်းရမ်းပြလိုက်ပြီး မသိဟုသာ ဆိုလိုက်မိ၏။ ထို့နောက် လေး သူ့အခန်းဆီသို့ လျှောက်သွားတော့သည်။ သူတို့ညီအစ်ကိုနှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ခန်းစီ အိပ်ကြခြင်းပင်။ လေးက သူ့အိပ်ခန်းထဲ၌ သူ့ idol ၏ ပုံတွေကို လွတ်လွတ်လပ်လပ် ကြည့်ချင်၊ ကြူးချင်တာမို့ ထိုကဲ့သို့ သက်သက်နေရတာကို ကြိုက်သည်။ ကိုကိုကလည်း တခြားတစ်ယောက်နှင့် တူတူမအိပ်တတ်ပေ။

ရဲနောင် သူ့သားအခန်းတံခါးကို ခပ်ဆတ်ဆတ်ခေါက်လိုက်ပြီး တေးကို ခေါ်လိုက်ရ၏။

တေး အိပ်ရာထဲ၌ အိပ်မောကျနေစဉ် အလွန်ကျယ်လောင်သည့် တံခါးခေါက်သံက သူ့အား လန့်နိုးသွားစေခဲ့သည်။ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေဆဲ အခြေအနေမို့ တေး အခန်းတံခါးကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။

You're Only MineWhere stories live. Discover now