Chapter 6

1.3K 79 77
                                    

ရှုတင်ဆိုက်၏ မလှမ်းမကမ်းရှိ နားနေခန်းထဲ၌ လွှမ်းမိုးနိုင် သူ့ချစ်သူအား ငုံ့မိုးကြည့်လျက်ရှိသည်။ အလွန်လှပသည့် တေး၏မျက်နှာလေးက ခပ်ဖျော့ဖျော့ဖြစ်နေကာ သတိလစ်နေတာ ဆယ့်ငါးမိနစ်ခန့် ရှိပြီမို့ သူ တေးအား ဆေးရုံခေါ်သွားလိုက်ချင်မိသည်။

ထိုအချိန်၌ တေး၏လက်ချောင်းများ လှုပ်ရှားလာကာ မျက်လုံးလေးများ ပွင့်လာ၏။

"တေး အဆင်ပြေရဲ့လား"

ရင်တွေလှပ်လှပ် လှပ်လှပ် ဖြစ်ခဲ့ရသည့် ခံစားချက်က တေးအား အခုချိန်ထိ ထိတ်လန့်‌စေသည်။ သူ့မျက်လုံးများက ကြောင်စီစီဖြစ်နေကာ အစ်ကို့ကို မြင်လိုက်ချိန်၌ သူ လှဲနေရက်ကနေပင် အစ်ကို့လည်တိုင်ကို လက်နှစ်ဖက်ဖြင့် ဆွဲယူ သိုင်းဖက်ထားလိုက်မိသည်။

တေး၏ ခန္ဓာကိုယ်လေးကို ပြန်ပွေ့ဖက်ရင်း လွှမ်း သူ့ခန္ဓာကိုယ်ဖြင့် တေးအား အုပ်မိုးထားလိုက်စဉ် အခန်းတံခါးခေါက်သံနှင့်အတူ တံခါးက ဖျတ်ခနဲ ပွင့်လာသည်။

ဇေယျာ အခန်းထဲသို့ အမြန်လျှောက်ဝင်လာခဲ့ပြီး ဇေယျာ့နောက်၌ ဇေးနက္ခတ်ပိုင်လည်း ပါလာသည်။

တေး သတိရနေတာ မြင်လိုက်ရ၍ ဇေယျာ စိတ်အေးသွားသည်။ သူ နက္ခတ်၏ ဇာတ်ကွက်ကို တဆက်တည်း ရိုက်နေခဲ့ရတာမို့ အခု ရိုက်ကွင်း ခဏနားချိန်လေး တေးကို အမြန်လာကြည့်ရခြင်းဖြစ်သည်။ 

ကုတင်ပေါ်၌ လုံးထွေးနေသည့် မြင်ကွင်းကြောင့် နက္ခတ် ထိုနှစ်ယောက်အား အကြည့်လွှဲလိုက်ပြီး အခန်းဝ၌သာ ရပ်နေသည်။

လွှမ်း သူ့ကိုယ်ကို မတ်လိုက်ပြီး ကိုဇေယျာ့ရှေ့ ရပ်လိုက်ကာ သူ့ကိုယ်သူ ခပ်မြန်မြန် မိတ်ဆက်လိုက်ရသည်။ အနုပညာအသိုင်းအဝိုင်းက လူမှန်း သိလိုက်ရတာမို့ ဇေယျာ ခပ်ပြုံးပြုံးဖြင့် ထိုလူငယ်လေးကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ကျွန်တော် တေးကို ပြန်ခေါ်သွားလို့ ရမလား၊ သူ့ကို ဒီနေ့တော့ အိမ်ပြန်နားစေချင်ပြီ"

"ဟက်၊ ဘာမှတောင် မရိုက်ရသေးဘဲ အဲ့လိုသာ နားနားနေမယ်ဆို ဒီဇာတ်လမ်းကို တစ်နှစ်လောက် ရိုက်နေရတော့မှာပဲ၊ ဇေယျာ ငါ့ဖက်က ဒီကားအတွက် ပေးနိုင်မယ့် အချိန်လစ်မစ် ရှိပြီးသားနော်"

You're Only MineWhere stories live. Discover now