Chapter 14

2.2K 126 89
                                    

မှောင်မဲသွားသည့် အခန်းထဲ၌ မျက်စိကျင့်သားမရသေးသော တေးအတွက် အရာရာဟာ မှောင်အတိ။ ညွှတ်ကျတော့မည့် ဒူးများကို မတ်မတ်ရပ်ကြည့်သော်လည်း တဆတ်ဆတ်တုန်ယင်နေမှုက အမှောင်ထဲမှာမို့သာ တော်တော့သည်။

ထိုအချိန်၌ သူ့ခါးပေါ် ရစ်သိုင်းလာသည့် လက်တစ်စုံက သန်မာလွန်းလှသဖြင့် သူ့ခြေအစုံက ကြမ်းပြင်မှ မြောက်တက်သွားကာ ထိုလူ့ကျောပေါ် သူ့ခန္ဓာကိုယ် ပါသွားသည်။

ပစ်ချခံလိုက်ရသည့် မွေ့ရာကြီးထက်၌မူ ဦးဒီပကို ဝါကျင့်ကျင့်မီးရောင်အောက်၌ မသဲမကွဲ မြင်လိုက်ရသည်။

"မထိနဲ့၊ လွှတ်"

သူ့ပေါ် အုပ်မိုးဖိကပ်လာသည့် ထိုလူ့အနမ်းများက သူ့နှုတ်ခမ်းပေါ် ရောက်ခဲ့ရချိန်၌ သူ့အသံတွေ တိမ်ဝင်သွားရသည်။ ရွံရှာဖွယ် အနမ်းတွေအောက်မှ လူးလွန့်ရုန်းကန်နေရင်း မီးအလင်းရောင်ကို ပျင်းပျင်းပျပျ လိုချင်သည်။ အမှောင်က သူ့ကို ကြောက်လန့်စေကာ မီးဖွင့်မှ အိပ်တတ်သည့် သူ့အတွက် အခုအခြေအနေက ကူကယ်ရာမဲ့စေသည်။

"ခွေးကောင်လေး၊ ငါ့လျှာကို ကိုက်ရဲတယ်"

ဖြောင်း!

ပါးပေါ်ရောက်လာသည့် ထိုလူ့လက်ဝါးချက်က တေးအား အိပ်ရာထဲ ပြန်နစ်ဝင်သွားစေခဲ့သည်။

ကြောက်သည်။ မပီဝိုးတဝါးမြင်ရသည့် မီးရောင်ထဲ၌ပင် ထိုလူ၏ ရမ္မက်ခိုးများကို တေး ထင်ထင်ရှားရှား မြင်နေရသည်။ သူ့နှုတ်ခမ်းကို ထပ်မံသိမ်းပိုက်လာချိန်၌ သူ ရွံရှာစွာ ထိုလူ့အား တွန်းဖယ်သည်။ ခေါင်းကို စောင်းချပြီး သူ့နှုတ်ခမ်းကို ‌ထိုလူ ထိပါးလို့မရတော့‌အောင် သွေးစို့လုနီးနီး ဖိကိုက်ထားမိသည်။

"ဟက်၊ အနမ်းမခံချင်ဘူးပေါ့လေ၊ အိုခေ၊ ဒါဆိုလည်း လိုရင်းပဲ လုပ်ကြတာပေါ့"

လျင်မြန်၍ သန်မာသည့် လက်ချောင်းများက သူ့ဘောင်းဘီခါးပတ်ကို တားလို့ပင် မမီခင် သွက်လက်စွာ ချွတ်သွားခဲ့၏။ တေး အဖိခံထားရသည့် ထိုလူ့အားကို အားကုန်ပြန်သုံး၍ ရုန်းကန်ကာ ကုတင်အောက်သို့ အရှိန်ဖြင့် လှိမ့်ချလိုက်သည်။

You're Only Mine [Completed]Onde histórias criam vida. Descubra agora