Chapter 1

2.2K 95 35
                                    

အမှောင်ထုကြီးစိုးနေပြီဖြစ်သည့် လူခြေတိတ်ချိန်၌ ခြံစည်းရိုးကိုကျော်ခွပြီး အိမ်ဝင်းကြီးထဲ ခိုးဝင်လာသည့် ကောင်လေးတစ်ယောက်၏ ခက်ခက်ခဲခဲကြိုးပမ်းနေမှုက ဒီညတော့ ကံမကောင်း အကြောင်းမလှစရာ မြင်ကွင်းတစ်ခု ထိုကောင်လေးအား ကြိုဆိုလျက်ရှိသည်။

အချိန်က ညတစ်နာရီထိုးဖို့ ငါးမိနစ်သာ လို၏။

ခြံဝနားရှိ ပန်းအိုးဘေး၌ မြင်လိုက်ရသည့် လူရိပ်က ထိုကောင်လေးအား သရဲကို မြင်လိုက်ရတာထက်ပင် ထိတ်လန့်သွားစေခဲ့သည်။

"ဒယ်ဒီ ဘာလို့ ခြံထဲမှာ မိုးတိုးမတ်တပ် ရပ်နေတာလဲ"

"မင်းကရော ခြံထဲကို လူလိုမဝင်ဘဲ ဘာလို့ မျောက်လိုဝင်နေတာလဲ"

အဖေတစ်ယောက်အနေဖြင့်ဆိုလျှင် ငယ်ရွယ်သေးသည့် 37 နှစ်အရွယ်ရှိသော ဦးရဲနောင်၏ မျက်နှာက အလွန်တင်းမာလျက်ရှိ၏။ ငယ်ရွယ်စဉ်က ချောမောလွန်းလှသဖြင့် မိန်းမလှလေးများ၏ ဝိုင်းဝိုင်းလည်ခြင်းကို ခံခဲ့ရသည့်သူက အခုတော့ ဒီသားကြောင့် မျက်နှာက ရှိရင်းစွဲ အသက်ထက် အိုနေပြီဟုပင် သူ့မိန်းမ သီရိနွယ်က မကြာမကြာ ဆိုတတ်သည်။

"တေးညှို့ရှင် မင်း အခုလို ဆိုးသွမ်းနေမယ်ဆိုရင် ငါ မင်းကို အိမ်ထဲက အိမ်ပြင် ပေးမထွက်ဘဲ ထားတော့မှာနော်။ မင်းညီလေးလို လိမ္မာစမ်းပါကွ၊ ငါ မင်းကြောင့် အသက်တိုတော့မှာပဲ"

အသံမာမာဖြင့် ဆူလိုက်တာနဲ့ မျက်လွှာလေးချသွားကာ ဖိနပ်ဦးဖြင့် မြေကြီးကို ထိုးဆွရင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည့် သားကို မြင်ရတော့လည်း ရဲနောင် ဆက်မဆူရက်တော့ပြန်။

အမွှာလေးနှစ်ယောက် မွေးထားခဲ့သော်လည်း မျက်နှာလေးတွေကတော့ ရုတ်တရက်ဆို ခွဲမရအောင် တူကြသော်ငြား အကျင့်စရိုက်ကတော့ မိုးနဲ့မြေ။ အဖေတူသားလေးတွေဟုဆိုရ‌လောက်အောင် သူ့မျက်နှာကျနဲ့ ချွတ်စွပ်တူသည့် အမွှာလေးနှစ်ယောက်က ရဲနောင်၏ အသက်ကြိုး။

ထိုအထဲမှာမှ အကြီးလေးဖြစ်သည့် တေးက တအားဆိုးလွန်းတာမို့ သူ့မှာ တစ်နေ့တစ်နေ့ ဒီက‌လေးအတွက် ပူရပန်ရတာလည်း အမော။

You're Only MineWhere stories live. Discover now