ကျောင်းဆင်းသော်
အတန်းပြီးသွားသည်မို့ အိမ်ပြန်ကြရန် ပြင်ဆင်နေကြသည်။
"မောင် အသက်ကိုဒီနေ့ လိုက်မပို့နဲ့တော့နော်"
"ဟင် အသက် ဘာလို့လည်း သွားစရာရှိလို့လား မောင် လိုက်ခဲ့ပေးရမလား"
"ရတယ် မောင် ဒေါ်လေးနဲ့မို့ ကိစ္စတော့ကြီးကြီးမားမား မဟုတ်ပါဘူး မောင်ရယ် အသက် သွားနှင့်မယ်နော်"
ဆိုကာ စာအုပ်များ သိမ်းကာထွက်သွားလေသည်။
"ဟာ..အသက် ညကျရင် ဖုန်းဆက်ခဲ့အုံးနော် အသက်"
လှမ်းအော်၍ ပြောနေသော်လည်း ခင်သက်မွန်မှာ မကြားတော့ပေ။
"ဟဲ့ ယွန်း "
"အေ သော်တာ"
"မင်းတို့နှစ်ယောက် အခုတလောအဆင်ကောပြေကြရဲ့လား"
"အင်း ပြေပါတယ်ဟ ဘာလို့လည်း"
စာအုပ်များထည့်ကာ ပေါ့ပါးစွာ ဖြေလိုက်သည်ပုံစံကာ သော်တာစိတ်ထဲ အလိုမကျပေ။
"ယွန်း ငါပြောတာသေချာကောနားထောင်ရက်လား မင်းအခုတလော ဘာတွေလုပ်နေတာလဲ"
"ဟ ဘာလဲကွာ ငါနဲ့သူနဲ့ အဆင်မပြေနေလို့လား မင်းတို့လဲမြင်တဲ့အတိုင်းပဲလေ အဆင်ပြေနေတာကို"
"မဟုတ်ဘူးလေဟာ ငါပြောချင်တာက..."
"ကိုယွန်း"
ပြင်တင်းပေါက်ကနေ လှမ်းခေါ်သံကြောင့်
"အာ လွန်ရောင်ခြည် ပါလား"
လက်ယှမ်း၍ခေါ်နေသောလွန်ရောင်ခြည်စီသို့သွားရန်
စာအုပ်တွေသိမ်းစီးပြီး လွယ်အိတ်အားကောက်ဆွဲနေချိန်သော်တာမှ
"ယွန်း!"
"ငါပြောနေတာကောနင်ကြားရက်လား"
"အေငါသွားစရာရှိလို့ မနက်ဖြန်ပြောလဲရတယ် နောက်နေ့မှပြန်ပြောလဲရတယ် ငါချိန်းထားတာလေးရှိလို့သွားပြီ"
ဆိုကာ ထသွားတော့သည်။
"အမယ် ဝရီယ ရှိလို့ပါလား"
"ဟီ ကိုယွန်းနဲ့သွားမို့ဆိုတော့ ဒီလိုပဲရှိမှာပေါ့"
"အောအော"
YOU ARE READING
//လွန်တာပေါ့မောင်ရာ// (On going)
Romance~~~ဝဲတက်လာတော့ မျက်ရည်များနဲ့ အသံဝဲဝဲတို့မှာ ဆုံးရူံးရမှာကို ကြောက်နေတဲ့ ကျွန်မ အသံတွေ ကျွန်မ မျက်ရည်တွေကို မောင်က ဂရုမစိုက်~~