Part -8

524 24 4
                                    

မွေးနေ့ Party ဆိုသည့်အတိုင်း ထင်ထားတာထက် ပိုလို့တောင် စည်းကားနေသည်။

ခွမ်း!!*

ဝိုင်းတစ်ဝိုင်းမှ ဖန်ခွက်ကွဲသံကြား

“မောင်”

“အသက် ခဏနော်”
ဆိုကာ ထိုဝိုင်းဘက်သို့ သွားလိုက်တော့သည်။

ဖြစ်ချင်တော့ နွယ်တို့ ဝိုင်းဖြစ်နေတော့သည်။

“ဟာ သွေးတွေ သွေးတွေပဲ”

“နွယ် တွေ့လား ငါပြောတယ် မယူပါနဲ့ဆို ခုတော့ကြည့်အုံး နင်တော့လေ”

“ဟာ ငါတမင် လုပ်တာမှမဟုတ်တာ အာ နာတယ်”

ဝိုင်းအုံနေသော ဝိုင်း ဘက်သို့ ယွန်းဝတီ တစ်ယောက် ရောက်လာကာ...

“နွယ်! လက်မှာသွေးတွေနဲ့ နင်‌လေ အမြဲတမ်း ရှပ်ပြာရှပ်ပြာပဲ”

“ယွန်း🥺"

“ဘာလဲ”

“နင်ငါစီလာတယ်”

“ငါလေ ‌နင်ကို လွမ်းနေတာ🥺”

“ငါလေ...”

“အဲတာတွေနောက်ထား ပေးလက် သေချာကိုမကိုင်ဘူး ခွက်တစ်ခွက်တောင်မကိုင်နိုင်ဘူးလား လာခဲ့ဒီကို သွေးကိုအရင် တိတ်အောင် လုပ်မှရမှာ”

ဆိုကာ ပေပွနေသော ဒဏ်ရာ ‌ဘေးက သွေးတွေကို တစ်ရူးဖြင့်သုတ်ပေးနေသည်။

“ဟာ နွယ်နင်ကတော့အမြဲရှပ်ပြာပဲ”

“ပေးစမ်းပါ ခွန်ရ နင်က‌တစ်မျိုး ”

“ဟဲ့ငါကိုလာမဆူနဲ့ နင်ကငါ့အမေလည်းမဟုတ်ဘူး ဒီမှာငါကို ဂရုစိုက်ပေးတဲ့ ယွန်းတစ်ယောက်လုံးရှိနေတယ်သိလား”

“မြင်ပါတယ်နော် အပိုလာလုပ်မ‌ေနနဲ့‌”

“ဟွန့်”

“ဟျောင့် ယွန်း ဟျောင့်”

ဆေးထည့်နေသော ယွန်းဝတီ တစ်ယောက် ဖြေဖို့တောင်မကြားလောက်အောင် စိတ်နှစ်နေသည် သူ‌တစ်ခုမေ့နေတာကိုတော့ သတိမထားလောက်အောင်...

“ဟျောင့်ရေ”

“ဘာလဲကွာ”
စိတ်မရှည်သည့် ပုံစံနှင့်လှည့်ကြည့်ကာမှ ခင်သက်မွန် ဘေးတွင်ရောက်နေသည်ကို သတိထားမိသည်။

“အဲအဲ အသက်”

“အဲတာဘာဖြစ်နေကြတာလဲ”

“ဟိုဟိုဆေးဆေးဆေးထည့်ပေးနေတာလေ”

“မြင်တယ်လေ အဲလောက်ဂရုစိုက်နေတာကိုပြောနေတာ”

“ယွန်း သူမက..?”

“နင့်အမေ”

ကြားကနေ ဝင်ဖြေလိုက်သည့် ခွန်သော်တာတစ်ယောက်

“ဘာ!!!”

သုံးယောက်လုံးတစ်ပြိုင်တည်း အော်လိုက်သော်...

“ဟာ မဟုတ်ပါဘူး ယောင်သွားလို့”

“အဲတာ ယွန်း ရဲ့ကောင်မလေးဆိုတာသူပဲလေ”

“အော် တွေ့ရတာဝမ်းသာပါတယ်နော် ကျွန်မ နာမည်က နွယ်တာထွန်း ပါ အားလုံးက နွယ် လို့ပဲခေါ်ပါတယ်”

“ပြီးတော့ ယွန်းဝတီ ရဲ့ငယ်သူငယ်ချင်းပါ”

“ဟုတ် ခင်သက်မွန်ပါ”
လက်ဆွဲနူတ်ဆက်ရန် လက်သို့ပေးသော်...

“လာပါ အသက် မောင်တို့ သွားကြရအောင်”
ထိုနေရာမှဆွဲခေါ်သွားတော့သည်

“ရှင် ရှင် နေအုံးလေ”

------next------

#နောက်ပိုင်းတွေပိုကောင်းအောင်ရေးပေးပါ့မယ် ‌နည်းသွားလို့ဆော်ရီးပါ🌻

//လွန်တာပေါ့မောင်ရာ// (On going)Where stories live. Discover now