“ရှင် ရှင် နေအုံးလေ”
ယွန်းဝတီ ဆွဲခေါ်သွားတော့ ကျန်ခဲ့သူတို့မှာ ကြောင်တောင်တောင်နှင့်သာကျန်နေလျက်
“ဟာ ဒီကောင်ဘာဖြစ်သွားတာလဲ”
“မသိဘူးလေ”
“ဟူး...ငါ့ကောင် ကတော့ တီးခံရတော့မယ်ထင်ပါတယ် သူများ လက်ချက်ကြောင့်”
ဟုဆိုကာ နွယ် ဘက်သို့ရွဲ့စောင်းပြောနေသည်ဟန်ဖြင့် ခွန်သော်တာ တစ်ယောက်“သော်တာမ ငါ့ကို ရွဲ့စောင်းပြောနေတာ ငါသိတယ်နော် ဟွန့်”
“ဘာ ဘာ ဘာလဲ”
“နင်ခုနကပြောတာလေ သူများဆိုတာ ငါ့ကိုပြောနေတာလေ ငါ နော် လုပ်ထည့်လိုက်ရ”
“ဘာလဲ နင်ကိုပြောတယ်ထင်လား ငါ ငါ့ ဟာ...”
“နင်ပြောတာလေ”
“ဟုတ်တယ်လေနင်ပဲ$**"&*&**!!”
“နင်တော့ မလွယ်ဘူးမှတ်&+*#--&$*"
“မဆာလာမ! တွေ တော်ကြပါတော့လို့!!!"
သော်တာ နှင့် နွယ် တို့ စကားများသည့်အသံကို မခံနိုင်၍ “ကေသီ” မှ ထအော်လိုက်သည်။
“နားကိုညီးနေတာပဲ ကောင်မတို့ရဲ့ bar ရောက်နေတာကိုလည်း သိကြအုံး နင်တို့အစား ငါရှက်တယ်နော် သိက္ခာရှိကြစမ်း “သီ” တို့ အလှပျက်တယ် အဟင့်အဟင့်”
“ဘာကို နင်က ခုမှ လာရှက်နေ ငါ့စာရင်းတော့ ငါအရင်ရှင်းမှာပဲ မရဘူး သော်တာ နင်ပြေးစမ်း”
“အာ...နွယ်မ ငါ့မွေးနေ့နော် ဒီနေ့ လွတ်လို့ လွတ် နွယ်တာလီမ”
“မှတ်ပြီလား ငါကိုရွဲ့ပြောချင်အုံး”
“အေဘာဟာ အေဘာ လွတ်ပါတော့”
“အင့် သွား”
“အာ...အမေရေ နာလိုက်တာဗျာ ဖြေးဖြေးလုပ်ပါဟ ကျွတ်ကျွတ် ငါ့လက်တော့ သနားပါတယ်”
“နင်တို့ကလည်း ရန်ပဲဖြစ်မနေနဲ့အုံး ဟိုမှာ ဘာဖြစ်နေလဲမသိဘူး ယွန်း ခေါ်သွားပုံက တစ်ခုခုကို စိတ်အလိုမကျသလိုပဲ”
“မြင်ပါတယ် ကေသီမ ရဲ့ ဘာဖြစ်နေတာလဲတော့ သေချာမှမသိတာငါတို့လည်း”
![](https://img.wattpad.com/cover/341438618-288-k622195.jpg)
BẠN ĐANG ĐỌC
//လွန်တာပေါ့မောင်ရာ// (On going)
Lãng mạn~~~ဝဲတက်လာတော့ မျက်ရည်များနဲ့ အသံဝဲဝဲတို့မှာ ဆုံးရူံးရမှာကို ကြောက်နေတဲ့ ကျွန်မ အသံတွေ ကျွန်မ မျက်ရည်တွေကို မောင်က ဂရုမစိုက်~~