Part 10

530 31 4
                                    

ကျွန်မ ထင်တဲ့အတိုင်းပဲ မောင် ကျွန်မကို မြင်သွားပြီလေ သူကျွန်မတို့ ရှိရာ တည့်တည့်ကို လာနေတော့သည်။

သူလာနေချိန်မှာပဲ ဟို ကောင်လေးကပါ တိုက်တိုက်ဆိုင်ဆိုင် ရေဘူး ကိုင်ပြီး ရောက်လာတော့သည်။

“အမ အမအတွက်”ဆိုပြီး လှမ်းပေးကာမှ

ထိုမြင်ကွင်းကို မောင်မှ တန်းအပ် မြင်သွားသည် သူ့စိတ်ထဲ အတော်လေး သဝန်တိုနေပုံပဲ ဒါပေမဲ့ သူလာနေချိန်ခါမှ ဟိုကောင်လေးက အရင်ရောက်ချလာတော့ မောင့်မှာ ရပ်တန့်ပြီးတာ စိုက်ကြည့်နေတော့သည်။

ကျွန်မလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ပါ

“အမ ရေဘူးလေ ဒီမှာ”

“ဟုတ်ဟုတ်ကဲ့”ဆိုကာ ကျွန်မ အားနာနာနှင့် လှမ်းယူလိုက်ချိန်....

ကျွန်မ လက်ကိုပါ အကိုင်ခံနေရသည့် ခံစားချက်ကို ခံစားမိတော့ ကျွန်မ ရေဘူးကို လွှတ်ချလိုက်မိသည်။

“ဆော်ရီးဆော်ရီး ကျွန်မ ...”

ပြောလို့မဆုံးသေး

မောင်က ဝင်ရောက်လာပြီး ပုလင်းနှင့် ထိုကောင်လေးခေါင်းကို ရိုက်ချ လိုက်တော့သည်။

“ခွမ်း!!”

လူတွေဝိုင်းအုံလိူ့သွားပြီး သီချင်းသံများကလည်း ပိတ်သွားသည်

သော်တာ တို့အုပ်စုလည်း အမြန် ယွန်းဝတီ တို့ရှိရာသို့ ရောက်လာခဲ့သည်

“ဘာ ဘာဖြစ်တာလဲ ယွန်းဝတီ လက် လက်မှာလည်း သွေးတွေနဲ့ ”

“အာ အာ ”
ထိုကောင်လေးမှာတော့ ‌ခေါင်းပေါက်လို့ ထိုင်အော်နေသည်။

ကျွန်မ မှာတော့ ဘာမှမပြောနိုင်လောက်အောင်ပင် ကြောင်ကြည့်နေမိတော့သည် ပြီးတော့ သွေးတွေလည်း အများကြီး ကျွန်မ အဲတာမျိုးတွေဆိုအရမ်းကြောက်တာ

“ဘာလို့ ကျွန်တော့်ခေါင်းကို လာရိုက်တာလဲဗျာ ပြီးတော့ မင်းကဘယ်သူလဲ”

ထိုကောင်လေးမှမေးရာ

“ငါဘယ်သူလည်းဆိုတာ အရေးမကြီးဘူး မင်း ငါ့ကောင်မလေးနဲ့ ဝေးဝေးနေ”

//လွန်တာပေါ့မောင်ရာ// (On going)Onde histórias criam vida. Descubra agora