Part 17

427 29 0
                                    

"ဟုတ်တယ် မောင်ဆိုတဲ့ အမျိုးသမီးက သပ်သပ် အပျော်ရှာတာ တကယ် မချစ်ဘူး သူချစ်တယ်ဆိုတာကို ပါးစပ်အရသာခံရုံမျှတာ တဖွဖွ ပြောနေတာ သူ မချစ်တက်ဘူး မချစ်ခဲ့ဘူးတဲ့"

"ငင့်ငင့်....ဗြဲ....သူငယ်ချင်း သူမကောင်းဘူး"

အမှန်ကာ ဘေးကအသဲကွဲနေသည့် သူငယ်ချင်းက ငိုရို၍ သူ့ရည်စား‌ေဟာင်း အ‌ေကြာင်းအား တဖွဖွပြောနေသည်ပင် ကားထဲမှာလည်း ဆူညံညံ အသံတွေပါ စုံနေလို့ ရာသီဉတုက ပူသည်မို့ အဲကွန်း တောင်အနိုင်နိုင်ဖြစ်နေသည်

ယပ်တောင်‌ကို တစ်ချက်ချက် ခတ်ကာ ခင်သက်မွန်တစ်ယောက်

“ဒေါ်လေး သမီးတို့ ဘယ်ချိန်ရောက်မှာလည်းဟင်”

မျက်မှန်အမဲ အားတပ်ဆင်ထားကာ တခေါခေါနှင့် အိပ်ငိုက်နေလေရက် ခင်သက်မွန်၏ စကားတောင်မကြားတော့ပေ။

“အော် မျက်မှန်တပ်ပြီး အိပ်နေတာကို ဟုတ်နေတာပဲ မဟောက်လို့တော်သေးတယ် ပူပါတယ်ဆို အိပ်နိုင်သေးတယ် ဒေါ်လေးရယ်”

“ကားကလည်း မကောင်းလိုက်တာ”

ဘေးကခုံကိုကြည့်တော့လည်း အသဲကွဲနေလို့ အော်ငိုနေတာနဲ့ အနောက်ခုံတွေကလည်း ကလေးငိုသံတွေနဲ့ ခုံဘေးကိုပြန်ကြည်တော့ တခေါခေါ အိပ်နေသည့်ဒေါ်လေး တစ်ယောက်

ဟူး......

ခင်သက်မွန် သက်ပြင်းတစ်ချက်ချကာ

“ဘယ်ချိန်မှရောက်မှာလည်း!!!!”

အော်ပစ်ချင်နေသည်

မထူးဘူးဆိုကာမှသူလည်း တရေးအိပ်ပျော်သွားလေရက် အနည်းဆုံးတော့ မပျင်းရတော့ဘူးပေါ့တဲ့

ညနေ၆:၀၀နာရီ

ကားကခဏနားသည် ခရီးမဆက်မှီ ညနေစာ စားထားဖို့ရန် အပေါ့အလေး သွားကြဖို့ ပြီးရင် ကားကလမ်းမှာမရကြောင်း ကြောညာနေသည်။

ထိုချိန်မှာသာ ဒေါ်လေးတစ်ယောက် နိုးလာတော့သည်။

“ဝါးးး..... အခုမှပဲ အိပ်ရေး ဝတော့တယ်”

ဘေးကိုကြည့်တော့ သူ့ တူမ အိပ်ပျော်နေလျက်

“သနားပါတယ် ခရီးက ပင်ပန်းတော့မှာပဲ ငါ့သမီးလေး ဒါမျိုး ကားနဲ့သွားဖူးတာမဟုတ်ဘူး အိမ်က ကောင်စုတ်ကလည်း သွားမယ်လာမယ်ဆိုကာမှ ကားကအမျိူးမျိုးဖြစ်ရတယ်လို့ ဟူးး”

//လွန်တာပေါ့မောင်ရာ// (On going)Where stories live. Discover now