Part -24

450 22 0
                                    

"ခင်သက်မွန်"

သွားကြည့်ရာမှာ ‌လမ်းတစ်ဝက်တွင် သော်တာ လှမ်းခေါ်၍

"ဟင်"
‌"ခွန်သော်တာ"

"‌ဘယ်သွားမလို့လည်း နင့်ကိုကြည့်ရတာတစ်မျိူးပဲ ဘာဖြစ်လို့လည်း တစ်ခုခုဖြစ်လို့လား"

သော်တာမှမေးနေသော်လည်း ခင်သက်မွန် မှာ အရှေ့က ထွက်သွားသော လွန်ရောင်ခြည် တို့အဖွဲ့ကိုသာ လှမ်းကြည့်နေသည်

"ဟိတ် ငါပြောတာကြားလား ခင်သက်မွန်"

"အာ ငါ အလျင်လိုနေလို့ ခဏနေမှ ပြောကြမလား ငါအရေးကြီးကိစ္စတစ်ခုရှိလို့"

"ရပါတယ်ဟ နင်တစ်ခုခုဖြစ်ရင်ငါ့တို့ကိုသာပြောသိလား"

"အေကျေးဇူးပါနော် ဒါဆို ငါသွားအုံးမယ်"

ဆိုကာ အလျင်အမြန်ပင်ဆိုသလို သွားတော့သည်။

"တစ်ခုခုတော့တစ်ခုခုပါပဲ"
_____________________

အနောက်ကိုလိုက်ကြည့်မည်ဟု ဆံုးဖြတ်ထားသော်လည်း စိတ်ထဲတွင်
မောင့်ကိုတစ်ဖက်သတ် လိုက်ချောင်းနေရသလိုခံစားနေမှာဆိုးသည်။
ဒါမောင့်အတွက် အဆင်မပြေဖြစ်လောက်မယ်မလား ‌အမျိုးမျိုးသော အတွေးများနှင့်

"အာ!"

အတွေးတွေနှင့် အရှေ့ကလူကိုတောင်မမြင်မိ

"ဘယ်လိုလာနေတာလဲအ‌ေရှ့ကိုနည်းနည်းပါးပါး ကြည့်ပါအုံး"

တိုက်မိသူကတော့ တတွတ်တွတ် ပြောနေသော်လည်း ခင်သက်မွန် မှာတော့ ‌လွန်ရောင်ခြည် တို့ကိုသာ လှမ်းလှမ်းကြည့်နေမိသည်။

"ဆော်ရီးပါနော်‌"

စာအုပ်ကိုလှမ်းကောက်ပေးပြီး ‌လွန်ရောင်ခြည် တို့ကို ပြန်ကြည့်သော်မတွေ့တော့ပေ

"ဟင် ဘယ်ရောက်သွားပြီလဲ"
လူတေ‌ွကနည်းသည်မဟုတ် ကျောင်း တော်တ‌ွင်းတစ်နေရာနှင့်တစ်နေရာတောင် လူအစု စုတွေနှင့်များပြားလျက်ရှိသည်။

"အိုသွားပါပြီ လိုက်ကြည့်မယ်ဆိုမှပဲ မတွေ့တော့ပါလား"

ဘယ်လိုရှာရှာ မတွေ‌့တော့‌ေပ။
ကျောင်းဝန်းကြီးကလည်းကျယ်လှသည်။

//လွန်တာပေါ့မောင်ရာ// (On going)Where stories live. Discover now