Part 20

310 17 4
                                    

“အဲနေ့ကမောင်နဲ့တိုက်မိသွားတဲ့ကလေးမကိုကျွန်မသိပ့်သဘောမကျဘူး အပြုမှုတွေကနည်းနည်းထူးဆန်းလှချည်ရဲ့ခက်ပါတယ်ငါလည်းအတွေးတွေလွန်နေလို့ဖြစ်”

စာအုပ်တစ်အုပ်ဖတ်နေရင်းအတွေး‌‌
တွေကအဲ့‌ေန့ကအဖြစ်ပျက်ကိုမြင်ယောင်မိလေခဲ့

“သမီးရေသမီး”

“ဟုတ်ကဲ့ဒေါ်လေး”

“ဒေါ်လေးဈေးသွားအုံးမယ်သမီးဘာမှာအုံးမလဲသမီးစားချင်တာကောရှိလားဒေါ်လေးကိုပြောဒေါ်လေးအပြင်ထွက်လက်စနဲ့သမီးအတွက်ယူခဲ့ပေးမလို့”

“ရပြီဒေါ်လေးသမီးဗိုက်မဆာသေးလို့ကျန်တာတော့မလိုဘူးဒေါ်လေး”

“အေအေဒါဆို‌ဒေါ်လေးသွားအုံးမယ် လိုတာရှိရင် မြရင် ကိုပြောလိုက်နော်သမီး သူတို့ကို စိတ်ကို....မချလို့ မသွားခိုင်း
တော့ဘူးဘာလုပ်လုပ်ဘာကိုင်ကိုင်ကျိုးကျပြုတ်ကျနဲ့....မြရင် ရေ မြရင်”

“ရှင်....ဒေါ်လေး"

“အေငါဈေးသွားအုံးမယ် ခုနက ဟင်းအိုးကြည့်အုံးနော် ပြီးတော့ငါခိုင်းထားတဲ့အဝတ်တွေလည်းပြီးအောင်မီးပူတိုက်ထား”

“ဟုတ်ကဲ့ဒေါ်လေး”

“အေသွားပြီ”

ကားအဖြူ‌ေပါ်သို့တက်သွား‌ေသာဒေါ်လေးကိုလမ်းအဆုံးထိရပ်ကြည့်နေသောမြရင်တစ်ယောက် တစ်ခုခုကိုမကျေမနပ်နှင့် တတွတ်တွတ်ပြောဆိုနေပြီး အထဲသိူ့ဝင်လာခဲ့သည်

“ငါ့ကိုများ ပြောသွားသေးတယ်ဒီဘွားတော်တော့ လုပ်ထားအုံးပေါ့ငါ့အကြောင်းကောင်းကောင်းသိစေရမယ်ဒင်း”

တိုးတိုးတိုးတိုးနှင့်ဧည့်ခန်းထဲတွင်ထိုင်နေသော ခင်သက်မွန် ကိုမြင်ကာ

“မမလေး”

“အမလေးလန့်တာ အန်တီမြရင်ရယ် အသံမပေးဘာမပေးနဲ့”

“စာအုပ်ဖတ်နေတော့မသိလိုက်တာဖြစ်မှာပါ”

“ဟုတ်ပြောပါဘာပြောမလို့လဲ”

“ပြောပြမလို့တစ်ခု”

“ဟုတ်”

“တစ်မျိုးတော့မထင်နဲ့ပေါ့နော် ဟို တစ်ယောက် အော် မမလေးသူငယ်ချင်း ယွန်းဝတီ လေ”

//လွန်တာပေါ့မောင်ရာ// (On going)Where stories live. Discover now