521-525

57 8 2
                                    

အပိုင်း(၅၂၁) လျို့ဝှက်ရတနာအိမ်တော်

"ဒါငွေဆူနာမီနဂါးဘုရင်မြို့လား?, တကယ်ခမ်းနာကြီးကျယ်တာဘဲ"

ဒီရေအောက်မြို့တော်ထဲဝင်လိုက်တာနဲ့ ရေစီးကြောင်းတွေမရှိတော့ဘဲ ပုံမှန်လူသားမြို့တစ်မြို့ကိုရောက်နေသလိုဘဲဆိုတာကို ရှပင်တွေ့လိုယ်တယ် အပြင်ကရေတွေက ဖွဲ့စည်းပုံကြောင့်မြို့ထဲမဝင်နိုင်ပါဘူး

ပတ်ဝန်းကျင်မှာ ကြည့်ပျော်ရှုပျော်ဖွယ်ရိုးရှင်းစွာတန်ဆာဆင်ထားတဲ့ အဆောက်အဦးမြင့်မြင့်ကြီးတွေ, တိုးကြပ်တဲ့ယာဉ်အသွားအလာ တစ်ယောက်နဲ့တစ်ယောက် လူအုပ်ထဲတိုးဝှေ့နေကြပြီး နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော်အလား စည်ကားလှပါတယ်

ဒါပေမဲ့သူ့ကိုကသိကအောက်ဖြစ်စေတာက ဒီနေရာမှာရှိတဲ့သက်ရှိတိုင်းဟာ မွန်းစတားတွေဖြစ်ကြပြီး မြွေမွန်းစတား,ကျားမွန်းစတား, ငါးမွန်းစတား, ဝံပိုလွေမွန်းစတား စတဲ့ထူးခြားဆန်းကြယ်တဲ့ မွန်းစတားပေါင်းစုံ ရှိကြပါတယ်

ဒီမြို့ထဲမှာ မြွေမွန်းစတားတွေချည်းမဟုတ်ဘဲ တခြားမွန်းစတားမျိုးနွယ်တွေလဲ ရှိနေပါတယ်

"ငွေဆူနာမီနဂါးဘုရင် နန်းတော်ကိုသွားမယ်"

ဒီမြို့ထဲဆက်လည်ပတ်ကြည့်ဖို့ ရှပင်စိတ်မဝင်စားဘဲ ငွေဆူနာမီနဂါးဘုရင်အသိုက်ကို သူရှာဖွေပြီး အထိကရ ရတနာတွေအားလုံးအပြောင်သိမ်းချင်စိတ်သာ သူ့ဆီမှာရှိပါတယ်။မြို့ထဲ သူလျှောက်သွားရင်းနဲ့ သတင်းတွေအများကြီး ရရှိခဲ့ပါတယ်

ငွေဆူနာမီနဂါးဘုရင်ရဲ့ နန်းတော်ကမြို့ရဲ့အဆုံးမှာဖြစ်ပြီး အဲ့ဒီ့နေရာကအစည်ကားဆုံးနေရာဖြစ်ပါတယ် ဘေးပတ်ပတ်ပတ်လည်မှာ အစောင့်အကြပ်တင်းကြပ်ပြီး သံသယရှိဖွယ်မွန်းစတားတွေဖြတ်သန်းသွားလာခွင့်မပေးပါဘူး

ငွေဆူနာမီနဂါးဘုရင်နန်းတော်က လျို့ဝှက်ချက်မဟုတ်တဲ့အတွက် အလွယ်တကူသူရှာတွေ့သွားတယ်

ဝှစ်၊

တစ်နာရီကြာပြေးလာပြီးနောက်မှာ ငွေဆူနာမီနဂါးဘုရင်အသိုက်ကို ရှပင်ရောက်လာပါတယ်

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

God level demon(201-ongoing)Where stories live. Discover now