496+497+978+499+500

362 46 6
                                    

အပိုင်း(၄၉၆) သတင်ထူး

"မဖြစ်နိုင်ဘူး, ဘာဘဲဖြစ်ဖြစ်ရှပင်ကကျောင်းထိပ်ပိုင်းခေါင်းဆောင်တွေ အဓိကအလေးထားရတဲ့ သြဇာအာဏာရှိသူတစ်ယောက်လေ အဲ့ဒီ့စီနီယာကျောင်းသားတစ်အုပ်က သူ့ကိုဒီကိစ္စမျိုးလုပ်ရဲမလား?" တစ်ချို့လူတွေက ဒီကိစ္စကိုမယုံကြပါဘူး

အဲ့ဒီ့လူက သရော်ပြီးပြောလိုက်တယ် "ရှပင်က ဘာမို့လို့လဲ, သာမန်ဧရိယာမှာသူသောင်းကျန်းနိုင်ပေမဲ့ လက်ရွေစင်နယ်မြေကိုသွားရင်တော့ အဲ့လိုလုပ်လို့မရတော့ဘူး လက်ရွေးစင်ကျောင်းသားဖြစ်လာသူတိုင်းက ပါရမီရှင်မဟုတ်တဲ့သူ မရှိဘူး"

"ပင်ကိုယ်ပါရမီက လူတွေအပေါ်မှာသေချာပေါက်လွှမ်းမိုးနိုင်ရုံတင်မကဘဲ သူတို့အားလုံးနီးပါးမှာ နောက်ခံတွေရှိကြတယ် ဒီလိုလူတွေကဘယ်လိုလုပ် ရှပင်ကိုကြောက်မှာလဲ?"

သူ့မျက်နှာမှာ အထင်သေးမှုတွေပြည့်နေပါတယ်

"မင်းပြောတဲ့ စကားတွေက ကျိုးကြောင်းဆီလျော်တယ်"

"အဲ့ကောင်ရှပင်က သူ့ကိုယ်သူသာမန်ဧရိယာမှာ ကြီးစိုးနိုင်တယ်ဆိုပြီး လက်ရွေးစင်နယ်မြေမှာတော့ အဲ့လိုသွားလုပ်လို့ဘယ်ရမလဲ"

"လက်ရွေးစင်ကျောင်းသားတွေက သွားရှုပ်လို့ကောင်းတာမဟုတ်ဘူး တစ်ချို့တွေဆိုနှစ်ပေါင်းများစွာကျင့်ကြံပြီး သိုင်းဆရာအထွတ်အထိပ်ကိုတောင်ရောက်နေကြပြီ ရှပင်လိုကျောင်းသားသစ်လေးက သူတို့နဲ့သွားယှဥ်လို့ရမလား?"

"ရိုးရိုးသားသားပြောရရင် အဲ့ကောင်ရှပင်သေချာပေါက် လူပါးဝပြီးပြဿနာသွားရှာလို့ လက်ရွေးစင်နယ်မြေက စီနီယာကျောင်းသားတွေမညှာမတာပုံစံပေးတာခံလိုက်ရတာ ဖြစ်မယ်"

ရှပင်သေချာပေါက် အဆော်ခံလိုက်ရပြီလို့ ကျောင်းသားအများအပြားတွေးနေကြပါတယ်

တစ်ချို့လူတွေက လှောင်ပြောင်ရယ်မောနေကြပြီး ရှပင်ကံဆိုးမိုးမှောင်ကျပြီး အဆော်ခံထားရတဲ့ပုံကို ကြည့်ချင်နေကြပါတယ်

"တရားမျှတမှုကို ဘုရားသခင်ဆောင်ကျဥ်းပေးလိုက်တာဘဲ"

ကျောင်းသားတစ်ယောက်က ကောင်းကင်ပေါ်မော့ကာ သက်ပြင်းကြီးချလိုက်ပြီး "နောက်ဆုံးတော့ လူယုတ်မာရှပင်ကို တစ်ချို့လူတွေကိုဆုံးမနိုင်ခဲ့ပြီ မကောင်းမှုတွေလုပ်တဲ့လူကပြန်ခံရမယ်ဆိုတာ ဒါကပြလိုက်တာဘဲ အပြစ်ပေးမခံရသေးဘူးဆိုတာ အချိန်မကျသေးလို့ဘဲ"

God level demon(201-ongoing)Where stories live. Discover now