206

451 54 0
                                    

Uni
======
အပိုင်း(၂၀၆)   ရုတ်တရက်ရန်သူဝင်ရောက်တိုက်ခိုက်ခြင်း

    "သေစမ်းကွာ ရန်သူတွေအလစ်တိုက်နေပြီး အလစ်တိုက်နေပြီ အား"

    "ဘယ်သူလဲ ဘယ်သူကငါတို့ဝက်ဝံနက်ကုမ္ပဏီကို နှိမ်နှင်းချင်ရတာလဲ"
  
    တစ်ယောက်ယောက်က ခေါင်းကိုပြစ်ခတ်ဖေါက်ခွဲခံလိုက်ရပြီးအသေဆိုးနဲ့သေသွားတာကိုတွေ့တာနဲ့ လူတစ်အုပ်ကထိတ်လန့်တုန်လှုပ်သွားပြီး အော်ဟစ်လိုက်ကြတယ် လေထဲမှာကြောက်စရာကောင်းတဲ့သေခြင်းအော်ရာကိုသူတို့တွေခံစားလိုက်ရတယ်

    "ဘန်း ဘန်း ဘန်း"
    အချိန်ကြာလာတဲ့ တစ်ယောက်ပြီးတစ်ယောက်အဆိပ်သင့်သွားပြီး တခြားသူတွေထက်ခန္ဓာကိုယ်အားနည်းတဲ့ သိုင်းပညာရှင်၅ယောက်၆ယောက်က သနားစရာအသံနဲ့အော်ဟစ်ပြီး ချက်ချင်းလဲကျကာ သွေးအမဲတွေအန်ပြီး နေရာမှာတင်အသေဆိုးနဲ့သေသွားပါတယ်
  
    အသေဆိုးနဲ့ချက်ချင်းမသေသေးတဲ့ သိုင်းပညာရှင်တွေကတောင်သူတို့ဗိုက်ထဲမှာ ဓားတွေနဲ့သေအောင်မွှမ်းသတ်နေသလို နာကျင်ကိုက်ခဲပြီးလောကရဲ့အရက်စက်ဆုံးနှိပ်စက်မှုကို ခံစားနေရပါတယ်

    မန်နေဂျာဒိုင်အန်သည်လည်းဘဲ တူညီတဲ့နာကျင်မှုမျိုးခံစားနေရပြီး မျက်နှာတွေဖြူဖျော့ကာ နဖူးကနေချွေးတွေပျံနေပြီး တစ်ကိုယ်လုံးလည်းတုန်လှုပ်နေပါတယ် ဒီလိုပြင်းထန်တဲ့အဆိပ်မျိုးက အစစ်အမှန်ချီနဲ့တောင် ဖြေရှင်းလို့မရပါဘူး

    "ချက်ချင်းဌာနချုပ်ကိုဆက်သွယ်ပြီး ငါတို့အတွက်လက်စားချေပေးဖို့သူဌေးကို ပြောပေးကြ" မြေအောက်ဂိုဏ်းသားတစ်ယောက်က အပြင်းအထန်အော်ဟစ်ကာ မသေခင်လေးမှာနောက်ဆုံးဆန္ဒကို သနားစရာကောင်းစွာနဲ့ အော်သွားခဲ့ပါတယ်

    ချက်ချင်းဘဲလူတစ်ယောက်က ဆက်သွယ်ရေးကိရိယာတွေထုတ်ပြီး တခြားသူတွေကိုဆက်သွယ်ဖို့ပြင်လိုက်တယ်
 
    "ဝူရှ်း ဝူရှ်း ဝူရှ်း"
    လျှပ်တစ်ပြက်အတွင်းမှာ အနက်ရောင်အလင်းတန်းသုံးခုက ကြောက်မက်ဖွယ်ပြင်းအားနဲ့ လေကိုခွင်းဝင်လာပြီး အဲ့ဒီ့မြေအောက်ဂိုဏ်းသားသုံးယောက်ရဲ့ လည်မျိုကိုဖောက်ဝင်သွားပါတယ်

God level demon(201-ongoing)Where stories live. Discover now