203

460 59 1
                                    

Uni
=======
အပိုင်း(၂၀၃)    သတ္တိရှိရင်ထွက်လာခဲ့လိုက်

    ရှပင်ကမျှော်စင်နက်ထဲမှာ လောလောဆယ်နေဖို့ဆုံးဖြတ်လိုက်တယ် သဘာဝအားဖြစ်တော့သူက ဒီမှာအလဟသအချိန်မဖြုန်းနေပါဘူး

    မျှော်စင်နက်က စမ်းသပ်မှုမျှော်စင်ဖြစ်တာကြာင့် ဒီနေရာမှာလေ့ကျင့်ရေးကိရိယာတွေအများကြီးရှိပါတယ် ထို့အပြင်သိုင်းတာအိုဟင်းလင်ပြင််ကို အသုံးပြုပြီးတော့ သိုင်းတာအိုကျွမ်းကျင်သူတွေ ကြောက်မက်ဖွယ်သားရဲတွေနဲ့တိုက်ခိုက်ကာ သိုင်းတာအတွေ့အကြုံတွေ လေ့လာနိုင်ပါတယ်
   
   ဒီနေရာကအရမ်းကောင်းမွန်တဲ့လေ့ကျင့်ရေးစခန်းတစ်ခုလို့ပြောလို့ရပါတယ်

    အဲ့တာကြောင့်မို့ရှပင်က မျှော်စင်နက်ထဲမှာလုံ့လဝိရိယနဲ့ကျင့်ကြံပြီးတော့ သူ့သိုင်းတာအိုကိုမရပ်မနားစသွေးပါတော့တယ်

    ဒါပေမယ့် အဲ့လိုနဲ့အချိန်တစ်ပတ်ကလျင်မြန်စွာကုန်ဆုံးသွားပြီး ရှပင်ကိုစောင့်ကြည့်ဖို့တာဝန်ကျထားတဲ့မြေအောက်ဂိုဏ်းသားတွေက စိတ်ဓာတ်ကျနေကြပါပြီ

   "သေစမ်းအဲ့ကောင်က ဘယ်အချိန်မှမျှော်စင်နက်ကနေ ထွက်လာမှာလဲကွာ"

    မြေအောက်ဂိုဏ်းသားတွေကအရမ်းကို စိတ်ဓာတ်ကျနေကြပါတယ် သူတို့တွေမျှော်စင်နက်ပတ်ဝန်းကျင်မှာ တဈပတျတိတျိနနေရေပွီး အာရုံမစိုက်မိတာနဲ့ အဖော်မဲ့သိုင်းသမားလစ်ပြေးသွားမှာကိုကြောက်ပြီး တစ်ချိန်လုံးမျှော်စင်နက်ကိုစောင့်နေရပါတဟ် အဲ့တာကြောင့်ခနလေးတောင်မပေါ့ဆဘဲ အာရုံစိုက်နေရပါတယ် 

    ဒီတစ်ပတ်အတွင်းမှာ သူတို့တွေကအိပ်ရေးဝဝမအိပ်ရဘဲ တစ်ယောက်ချင်းစီပန်ဒါမျက်လုံးတွေဖြစ်နေကြကာ ဆက်ပြီးတော့မတောင့်ခံနိုင်လုနီးပါးဖြစ်နေပါတယ်

    တကယ်လို့သာ သူတို့မှာလူတွေအများကြီးမရှိဘဲ အလှည့်ချိန်းပြီးမစောင့်ကြပ်ရဘူးဆိုရင် ခြေကုန်လက်ပန်းသွားကြမှာပါ

    "အမှန်ဘဲ လွန်ခဲ့တဲ့တစ်ပတ်လုံးလုံးဒီကောင်ဘာသံမှမထွက်ဘဲ မျှော်စင်နက်ထဲမှာလုံ့လဝိရိယနဲ့ ကျင့်ကြံနေတာလား သူကအဲ့လိုအရူးလား"

God level demon(201-ongoing)Where stories live. Discover now