421+422+423+424+425+426+427+428+429+430

429 59 1
                                    

အပိုင်း(၄၂၁) ငြိမ်းချမ်းရေးယူရအောင်

     "အို့ ဒါဓားသမားအသင်းဥက္ကဌမျုဟော်ရန်မဟုတ်လား?" မျုဟော်ကို ရှပင်မှတ်မိသွားပြီးစိတ်အားထက်ထက်သန်သန်နှုတ်ဆက်လိုက်တယ် "မတွေ့ဖြစ်တာတောင် ကြာပြီနော် မငျးအခုထိဒေါသတှပွေညျ့နမေယျလျို့ ငါမထင်ထားဘူး ကျောင်းမှာနေလာတဲ့သုံးနှစ်လုံးလုံးမင်းသိုင်းဆရာအဆင့်ကိုမတက်နိုင်ဘဲ အခုမထင်မှတ်ဘဲ အဆင့်တက်သွားတယ်ဆိုတော့ တရားမဝင်ဆေးဝါးတွေ ဘာတွေသောက်လိုက်တာလား?"
  
   "လီးဘဲ!"
   မျုဟော်ရန်မျက်နှာတွေ စိမ်းတက်လာပြီး လက်သီးစုပ်ကာ စိတ်ထဲကနေကျိမ်ဆဲလိုက်တယ် သူသုံးနှစ်လုံးလုံးသိုင်းပညာရှင်အဆင့်၉မှာနေခဲ့တာဟာ မြူခိုးတိမ်တောင်ကိုလာရဖို့တမင်သူ့သဘောနဲ့တူနေခဲ့တာဖြစ်ပါတယ်

    အခုမြူခိုးတိမ်တောင်ကို ရောက်တော့ သူ့ကျင့်ကြံခြင်းကို ဆက်ဖိနှိပ်ထားစရာမလိုတော့တာကြောင့် ချက်ချင်းသိုင်းဆရာအဆင့်ကိုရောက်သွားတာပါ

    ဒါပေမဲ့ ဒီမျိုးမစစ်ကောင်ပါးစပ်ထဲမှာတော့ သူက တရားမဝင်ဆေးဝါးတွေသောက်သုံးပြီးအဆင့်တက်တဲ့ ဆန်ကုန်မြေလေးဖြစ်သွားရပါတယ် ဒါသူ့ကိုလူအများအရှေ့မှာ သရော်နေတာထင်ရှားတယ်

   "ယို့, ဒါဘလိတ်ဓားအသင်းဥက္ကဌဂျူဇီဂျီအန်မဟုတ်လား မင်းလဲဒီကိုလာမယ်မထင်ထားဘူး" မျုဟော်ရန်ကိုရှပင်ဂရုမစိုက်ဘဲ ဂျူဇီဂျီအန်ကိုနှုတ်ဆက်လိုက်တယ် "လက်ရှိမှာ မင်းကိုကြည့်ရတာ ဘဝင်မြင့်နေသလိုဘဲ ဘာလျို့ခနတုနျးကငါ့ကိုလာမနှုတျဆကျတာလဲ? သိုင်းဆရာအဆင့်ကိုရောက်သွားလို့ ဂုဏ်မောက်ပြီး ဘယ်သူ့ကိုယ်မှစောက်ဂရုမစိုက်တော့တာလား?"

   မင်းနှမကို လာနှုတ်ဆက်မယ် 
   ဂျူဇီဂျီအန် ပါးစပ်ထောင့်တွေတွန့်ပြီး ဒေါသကြောင့်သူ့အဆုတ်တွေပေါက်ထွက်တော့မလို ဖြစ်နေပါတယ် မင်းလိုအရှက်မရှိယုတ်မာကောက်ကျစ်တဲ့ကောင်ကို တွေတာနဲ့ သူဘာလို့လာနှုတ်ရမှာလဲ?

   သူ့ကိုလာမနှုတ်ဆက်တာနဲ့ စိတ်ထဲမှာဘဝင်တွေမြင့်ပြီး ဘယ်သူ့ကိုယ်မှစောက်ဂရုမစိုက်တော့ဘူးလို့ ဒီကောင်ပြောလိုက်သေးတယ် ဒီလိုအရှက်မရှိတဲ့ကောင်မျိုး သူတစ်ခါမှမတွေ့ဖူးဘဲ ဒီကောင့်မျက်နှာကို လက်သီးစာကျွေးချင်နေပါတယ်
 
   "တော်စမ်း!"
   ဒီအတိုင်းသာဆို ဒီမျိုးမစစ်ရှပင်ကြောင့်ဒေါသထွက်ပြီး လူတစ်ချို့ဖျားသွားနိုင်တာကြောင့် စူဂျီဆက်မကြည့်နေနိုင်တော့ဘဲ "နင် ဘာလုပ်ချင်တာလဲ? ငါတို့နဲ့တိုက်ခိုက်ချင်တာလား?"

God level demon(201-ongoing)Where stories live. Discover now